1. Home
  2. Movie Stars - Celebrity

မိုးဟေကို ပရိသတ်တွေကို အကြွေးဆပ်လိုက်တဲ့ ဒါရိုက်တာ ညိုမင်းလွင်

Movie Stars - Celebrity พ.ค. 29, 2560 view 1,494

ဒါရိုက်တာ ညိုမင်းလွင်က မိုးဟေကိုရဲ့ ပရိသတ်တွေကို အကြွေးဆပ်လိုက်နိုင်ပြီလို့ ပြောလိုက်ပါတယ်။ ဘယ်လို အကြွေးဆပ်လိုက်လဲဆိုတာကတော့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ပို့စ်ကိုသာ ဖတ်ကြည့်လိုက်ပါတော့…

ညိုမင်းလွင်က “မေ ၃၁ ကိုစောင့်နေကြတဲ့ပရိသတ်များအားလုံးရဲ့ရင်ခုန်မှုဟာ
သူမကြောင့်ပိုပြီးအဓိပ္ပါယ်ရှိသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်၊
မိုးဟေကို ဟာ ဖြစ်ရပ်မှန်ရုပ်ရှင်ကားထဲကိုပါဝင်လာမယ့်
တစ်ဦးတည်းသောမင်းသမီးဖြစ်ပါတယ်...

သူမရဲ့ပရိသတ်တွေနဲ့ကျွန်တော့်ကြားက
တင်ရှိနေခဲ့တဲ့အကြွေးတစ်ခုကို ဒီနေ့မှာဆပ်လိုက်နိုင်ပြီလို့ထင်ပါတယ်...

ဇာတ်လမ်းတစ်ပုဒ်ဟာ Rival ရှိမှ အသက်ဝင်တယ်ဆိုရင်
မနက်ဖြန်က Rival တွေရဲ့နေ့ပါ..” လို့ ရေးသားထားပါတယ်။

ဘယ်လိုဖြစ်ရပ်မှန်ဇာတ်လမ်းမျိုးမှာ မိုးဟေကိုက ပါဝင်သရုပ်ဆောင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Source : ညိုမင်းလွင်ဖေ့စ်ဘွတ်


 



Follow us on