1. Home
  2. Good Morning Myanmar

လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူတွေကို သက်ဆိုင်ရာကျောင်းတွေမှာ ကျောင်းစတင်အပ်နှံပေးနေ

Good Morning Myanmar พ.ค. 29, 2560 view 1,404

လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မေလ(၂၅) ရက်မှာ ကျောင်းစတင်အပ်နှံပေးနေပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်မှာ သင်တန်းကျောင်း (၁၄)ကျောင်းရှိပြီး ဒီသင်တန်းကျောင်းတွေမှာတက်ရောက်နေတဲ့ ကျောင်းသား၊ကျောင်းသူတွေ ကို သက်ဆိုင်ရာကျောင်းတွေမှာ ကျောင်းအပ်နှံပေးနေတာပါ။မရမ်းကုန်းအမျိုးသမီးကလေး သင်တန်း ကျောင်းမှာတော့ အခုလာမယ့်ပညာသင်နှစ်မှာတက်ရောက်မယ့် ကျောင်းသူ(၈၅)ယောက်ရှိပြီး မူလတန်း၊အလယ်တန်း၊အထက်တန်း သက်ဆိုင်ရာကျောင်းတွေအလိုက် သင်တန်းကျောင်းတွေမှ ဆရာမတွေက ကျောင်းအပ်နှံပေးနေတာပါ။

ကျောင်းအပ်ရာမှာ သင်တန်းကျောင်းက ဆရာမတွေ လိုက်အပ်ပေးတာကြောင့် အဆင်ပြေတယ်လို့ သိရပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ကသင်တန်းကျောင်းတွေမှ အခြေခံပညာ ကျောင်းတွေကိုတက်ရောက်မယ့် ကလေးတွေအတွက် ကျောင်းဝတ်စုံနဲ့ကျောင်းသုံး ပစ္စည်းတွေ အပြင်ကလေးတွေရဲ့လိုအပ်ချက်တွေကိုပါလူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ မရမ်းကုန်း အမျိုးသမီးကလေးသင်တန်းကျောင်းမှာ လာမည့်ပညာသင်နှစ်အတွက် မူလတန်း (၂၇)ယောက်၊ အလယ်တန်း(၄၂)ယောက်နဲ့ အထက်တန်း(၁၆) ယောက် စုစုပေါင်း (၈၅)ယောက် ရှိတယ်လို့သိရပါတယ်။



Follow us on