1. Home
  2. Movie Stars - Celebrity

ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ် သီချင်းသစ်တစ်ပုဒ်ထွက်မယ့် နီနီခင်ဇော်

Movie Stars - Celebrity พ.ค. 29, 2560 view 1,601

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် နီနီခင်ဇော်က သူကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် တေးသီချင်းတစ်ပုဒ်ကို မကြာခင် ဖြန့်ပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ်တိုင်ရေးသားထားပေမယ့် ကိုယ်တွေ့အဖြစ်အပျက်မဟုတ်ဘူးဆိုတဲ့ နီနီခင်ဇော်က သူငယ်ချင်းတစ်ယောက် ကြုံခဲ့ရတဲ့ဖြစ်ရပ်လေးကို ရေးဖွဲ့ထားတာကြောင့် ပရိသတ်တွေအားလုံးလည်း ခံစားရလိမ့်မယ်လို့ ယုံကြည်တယ်လို့ နီနီခင်ဇော်ကပြောပါတယ်။

နီနီခင်ဇော် ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းသုံးပုဒ်လောက်ရှိပေမယ့် ဒီတစ်ပုဒ်တည်းကိုပဲ မိုးတွင်းကာလမှာ ပရိသတ်တွေ နားဆင်ဖို့အတွက် ဖြန့်ပေးမှာဖြစ်တယ်လို့ပြောပါတယ်။ နီနီခင်ဇော်က သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးသစ်မှာလဲ ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတချို့ ထည့်ဖြစ်မှာဖြစ်တယ်လို့ သိရပါတယ်။

Source : The Voice Daily News

Photo Credit : MODA



Follow us on