ချစ်သူရှိပါတယ်လို့ ပွင့်ပွင့်လင်းလင်း ၀န်ခံထားတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက သူ့ရဲ့အချစ်က လွတ်လပ်တယ် ကျယ်ပြန့်တယ်လို့ ဆိုလိုက်ပြန်ပါတယ်။
“ကိုယ့်ရဲ့အချစ်က စကားလုံးမရှိဘူး။ လွတ်လပ်တယ်။ ကျယ်ပြန့်တယ်။ ဒါကြောင့် အချစ်ဆိုတဲ့ စကားလုံးနှစ်လုံးအောက်မှာ မင်းကို ဘောင်မခတ်ချင်ဘူး” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အနုပညာလောကထဲကို တဖန်ပြန်လည်ဝင်ရောက်လာတဲ့ အေးဝတ်ရည်သောင်းဟာ သူ့မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ မွေးနေ့အလှူလေးလုပ်ခဲ့ပါသေးတယ်။
ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိလာတဲ့ အေးဝတ်ရည်သောင်းက မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
အေးဝတ်ရည်သောင်းက သူ့ရဲ့ချစ်သူက မင်းသားတစ်ယောက်မဟုတ်ဘူးလို့လည်း ပြောပြထားပါသေးတယ်။
Source and Photo : အေးဝတ်ရည်သောင်းဖေ့စ်ဘွတ်