1. Home
  2. Movie Stars - Celebrity

ယွန်းယွန်းကို မင်းသမီးတင်ရိုက်ဖို့ အချိန်စောင့်နေတဲ့ ဒါရိုက်တာ ၀ိုင်း

Movie Stars - Celebrity พ.ค. 29, 2560 view 1,736

ဒါရိုက်တာဝိုင်းက ယွန်းယွန်းကို မင်းသမီးတင်ရိုက်ဖို့ အချိန်တစ်ခုကို စောင့်ဆိုင်းနေတယ်လို့ပြောပါတယ်။

ဝိုင်းက ယွန်းယွန်းကို ပစ်ထားရဦးမှာဖြစ်ပြီး လူကြီးစိတ်ဝင်အောင် အရင်လုပ်ရဦးမယ်လို့ ပြောပါတယ်။ လူကြီးစိတ်ဝင်မှသာ ကလေးအိုက်တင်တွေ ပျောက်မှာဖြစ်ပြီး အခုအချိန်မှာ လူကြီးအိုက်တင်တွေ စွတ်လုပ်နေပါကလည်း ပရိသတ်က ကြည့်ရတာအဆင်ပြေမှာ မဟုတ်ဘူးလို့ ဒါရိုက်တာ ၀ိုင်းကပြောပါတယ်။

အခုအချိန်မှာတော့ ဦးနှောက်ရော  ပညာအရည်အချင်းရော ၊ ကျန်တဲ့ ဗဟုသုတတွေရော သူ့အတွက်လေ့လာပါစေဆိုပြီး အသာလေး လွှတ်ထားတယ်လို့ ဒါရိုက်တာဝိုင်းကပြောပါတယ်။

ဒါရိုက်တာဝိုင်းက တပည့်ဖြစ်သူ ယွန်းယွန်းကို ဘယ်လိုမျိုး မင်းသမီးတင်ရိုက်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source : 7Day Daily News


 



Follow us on