1. Home
  2. Health Fix

တစ်နှစ်အောက်ကလေးတွေကို အသီးဖျော်ရည်မတိုက်သင့်

Health Fix พ.ค. 29, 2560 view 1,750
ဆရာဝန်ညွှန်ကြားချက်ကလွဲရင် ကျန်တဲ့အချိန်မှာ ကလေးတွေကို အသက်တစ်နှစ်မတိုင်ခင် ဖျော်ရည်တွေ မတိုက်သင့်ဘူးလို့ American Academy of Pediatrics က လမ်းညွှန်ထားပါတယ်။
 
ကလေးအသက် ၆ လမတိုင်ခင် ကလေးကို အချိုရည် ဖျော်ရည်တွေ မတိုက်ဖို့ ပြောထားပြီး ဒါဟာ ကလေးအဝလွန်ရောဂါနဲ့ သွားပိုးစားမှုအန္တရာယ်တို့အတွက် စိုးရိမ်ရတယ်လို့ သတိပေးထားပါတယ်။
 
ကလေးမိဘတွေဟာ ကလေးပါးစပ်ထဲ အချိုရည်ပုလင်း ဒါမှမဟုတ် အချိုရည်ခွက်ထဲက ပိုက်ကို တပ်ပေးထားပြီး ပစ်ထားကြတာများတယ်လို့ တက္ကဆက်တက္ကသိုလ် Dell Medical School မှ ကလေးကျန်းမာရေးဌာနက ပြောပါတယ်။
 
တစ်ရာ ရာခိုင်နှုန်း လတ်ဆတ်တဲ့ အသီး  ဒါမှမဟုတ် ပြတ်လည် စီမံသော အသီးဖျော်ရည်တွေကတော့ အသက်တစ်နှစ်အထက် ကလေးတွေအတွက် ညီညွတ်မျှတတဲ့ အစာအဟာရမှာ တစိတ်တပိုင်း ပါဝင်တယ်လို့ လမ်းညွှန်ချက်အသစ်မှာ ပါဝင်ပါတယ်။
 
ကလေး ရေဓာတ်ချို့တဲ့နေချိန် ဒါမှမဟုတ် ဝမ်းလျှောနေချိန် ကုသမှုအတွင်း အသီးဖျော်ရည်ကို မတိုက်ကျွေးသင့်ပါဘူး။ သစ်သီးဖျော်ရည်ထက် ကလေးတွေကို အသီးစားခိုင်းဖိို့ကို ပိုအားပေးပါတယ်လို့ ကလေးကျန်းမာရေးဌာက ပြောပါတယ်။
 
Source : မော်ဒန် ဂျာနယ်


Follow us on