1. Home
  2. Myanmar News

ဒီရေလှိုင်းကြောင့် ကျောက်ဖြူမြို့ထိန်းတာတမံ ကျိုးပေါက်

Myanmar News พ.ค. 30, 2560 view 1,429

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့ တစ်မြို့လုံး၏ ရေဘေးအန္တရာယ်ကို တားဆီးကာကွယ်ရန်တည်ဆောက်ထားသည့် ကျောက်ဖြူမြို့ထိန်း ဆည်တာတမံသည် ဒီရေလှိုင်းကြောင့် မေလ ၂၉ ရက်နေ့က ကျိုးပေါက်ခဲ့ကြောင်း သတင်းရရှိသည်။


မေလ ၂၉ ရက်နေ့(မနေ့) နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် ဒီရေလှိုင်းကြီးပြီး လှိုင်းများရိုက်ပုတ်မှုဒဏ်ကြောင့်  အိုးတင်ဆိပ်နှင့် ပြင်ဖြူမော်ကျေးရွာအကြားရှိ ပေ ၅၀၀၀ ခန့်ရှိသော မြေးသားဆည်မှ ၁၀ ပေခန့်ရှိသော ဆည်၏ အစိပ်အပိုင်း ကျိုးပေါက်ပျက်ဆီးခဲ့ရခြင်းဖြစ်သည်။


အဆိုပါ ကျိုးပေါက်သွားခဲ့သော ဆည်နေရာကို ဆည်မြောင်းဝန်ကြီးဌါနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပြန်လည်ပြုပြင်ရန် ရောက်ရှိနေပြီဖြစ်သော်လည်း ဒီရေပြန်မကျသည့်အတွက် ဘာမှလုပ်လို့ မရသေးကြောင်းသိရှိရသည်။
 

Source: မြစ်မခမီဒီယာ
 



Follow us on