1. Home
  2. Special or Others

အမိဝမ်းမှ ကျွတ်ကျွတ်ချင်း လမ်းလျှောက်သည့် အံ့ဖွယ်ကလေးငယ်ရုပ်သံ

Special or Others พ.ค. 30, 2560 view 1,415

မွေးကင်းစ ကလေးငယ်တယောက်အနေနဲ့ အမိဝမ်းမှာ မွေးဖွားပြီးစက္ကန့်ပိုင်းအတွင်း လမ်းထလျှောက်နိုင်ဖို့ ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး။အခုတော့ The Sun သတင်းဖော်ပြထားချက်အရ အဲ့လိုကလေးမျိုးရှိလာပါပြီ။ လူသားဖြစ်တည်မှု အဆင့်တွေကျော်ပြီး အခုလို  လမ်းထလျှောက်တာ တကယ့်ကိုအံ့အားသင့်စရာပါ။

ရုပ်သံဖိုင်အရ မိခင်ရဲ့ ၀မ်းဗိုက်တွင်းက ကျွတ်လို့ စက္ကန့်ပိုင်းသာရှိသေးတဲ့ ကလေးငယ်ကို မွေး ဖွားပေးခဲ့တဲ့ ဆရာဝန်တဦးက လက်တစ်ဖက်နဲ့ ကိုင်ထားခဲ့တာပါ။အဲဒီနောက်တော့ ကလေးငယ်ဟာ ရုတ်တရက်ပဲ လမ်းလျှောက်လိုက်ချိန်မှာတော့ ဒီအဖြစ်အပျက်ကို ဆရာဝန်တွေက မျက်လုံးပြူးအံ့အားသင့်ခဲ့ကြရပါတယ်။ဒါဟာ ဆေးပညာအမြင်မှာရော၊ ပတ်ဝန်းကျင်အမြင်မှာပါ ထူးဆန်းနေခဲ့ကြပြီး ရုပ်သံဖိုင်ကိုပြန်လည်မျှဝေသူတွေ၊ တစ်ဆင့်ပြောကြားသူတွေများလှပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို အာလဲတေး အာရန်တေးစ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တဦးက မျှဝေခဲ့တာဖြစ်ပြီး ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ သန်း ၈၄ ကျော်ခဲ့ပါပြီ။



Follow us on