1. Home
  2. Special or Others

အတိုအထွာ ဝတ်ဆင်မှုကိုနှစ်သက်လွန်းအားကြီးတဲ့ မိန်းကလေး

Special or Others พ.ค. 30, 2560 view 1,664

အမျိုးသမီးတွေ ဝတ်ဆင်မှုနဲ့ပတ်သက်ပြီးတော့ ဘယ်လိုထင်မြင်ချက်၊ဘယ်လိုမှတ်ချက်မှ မလိုအပ်ကြောင်း၊မိန်းကလေးတွေ ဝတ်စားဆင်ယင်မှုအတွက် သင့်တော်၏၊မသင့်တော်၏ဆိုတာကို ဆုံးဖြတ်ချက်ပေးနေတာတွေကို ရပ်တန့်သင့်ကြောင်း၊ အမျိုးသမီးတွေ ဝတ်လိုရာကို ဝတ်ခွင့်ပေးခြင်းကို အပြည့်အ၀ ခွင့်ပြုသင့်တယ်လို့ Criselda Austria က လူမှုကွန်ရက်ကနေ လှုံ့ဆော်လိုက်ပါတယ်။

Criselda Austria ကိုယ်တိုင်က အတိုအထွာ ဝတ်ဆင်မှုကိုနှစ်သက်စွဲလမ်းတာကြောင့် အတိုအထွာ အဝတ်အစားတွေကို ဝတ်ဆင်ရတာ သဘောကျကြောင်း၊သူနေထိုင်ရာ ဖိလစ်ပိုင်က မိုးရာသီမှာစိုစွတ်ပြီး ၊နွေရာသီမှာ ပူအိုက်တက်တာကြောင့် အခုလို ဝတ်ဆင်မှုက ရာသီဥတုနဲ့ကိုက်ညီကြောင်း၊အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ နိုင်ငံဖြစ်တာကြောင့် အတိုအထွာဝတ်ဆင်ခြင်းက ပိုမိုသင့်တော်ကြောင်း အတိအလင်းပြောဆိုထားပါတယ်။

အဆိုပါပြောဆိုမှုအပေါ် အမျိုးသမီးတွေကိုယ်တိုင် ထောက်ခံသူရှိသလို၊ကန့်ကွက်သူတွေလည်း ပေါလှပါတယ်။ ဝေဖန်သူတွေက “Rape Culture ” ဆိုတဲ စကားလုံးနဲ့ တိုက်ရိုက်ဝေဖန်ကြပါတယ်။ လက်ရှိမှာတော့ “Rape Culture ” လုပ်ဆောင်မှုအဖြစ် အတိုအထွာဝတ် စားဆင်ယင်မှုကို ကန့်ကွက်နေကြသူများပါတယ်။“Rape Culture ” ဆိုတာက ၁၉၇၀ နှစ်ဝန်းကျင်လောက်ကပေါ်လာပြီး၊အလိုမတူ အဓမ္မကျင့်ခြင်းကို အားပေးအားမြှောက်ပြုနေတဲ့ ဝတ်စားဆင်ယင်မှုကို အသားပေးတယ်လို့ ရည်ညွှန်းကြပါတယ်။



Follow us on