1. Home
  2. Movie Stars - Celebrity

ပရိတ်သတ်အတွက် အကယ်ဒမီ ရအောင်ယူပေးမယ်ဆိုတဲ့ မြင့်မြတ်

Movie Stars - Celebrity พ.ค. 30, 2560 view 1,631

အကယ်ဒမီ နဲ့ အခါခါလွဲခဲ့ ပြီး 2016 မှာ အမျိုးသားဇာတ်ဆောင်ဆုရရှိထားတဲ့ မြင့် မြတ်က ဒီတခေါက်မှာတော့ ပရိတ်သတ်ရစေချင်တဲ့ အကယ်ဒမီကိုရအောင်ယူပေးမယ်လို့ ပြောလိုက်ပါပြီ ။ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရုံတင်ကားတွေ ထွက်လာတဲ့ မြင့်မြတ်ဟာ “အကယ်ဒမီနဲ့ပတ်သတ်ပြီတော့ ဒီနှစ်ထဲမှာဆိုရင်တော့ နောက်ထပ်အကယ်ဒမီ မှန်းလို့ ရတဲ့ ကားတွေရုံတင်လာဖို့ ရှိပါသေးတယ် ။ပရိတ်သတ်ရစေချင်တဲ့ အကယ်ဒမီကိုလည်း ရအောင်ယူပေးချင်ပါတယ်” လို့ ပြောထားပါတယ်။

လက်တလော ရုံတင်ပြသနေတဲ့ ကျွန် ဇာတ်ကားမှာလဲ နေတိုးအပြိုင် ပရိတ်သတ်အားပေးမှုကို ရရှိနေပါတယ်။ အနုပညာ သက်တမ်း 12 နှစ်ရှိနေပြီး အိမ်ထောင်ကျသွားပေမယ့် ပရိတ်သတ်အားပေးမှု လျော့မသွားတဲ့ ပရိတ်များရှိနေတဲ့ အတွက် ၀မ်းသာ ကျေနပ်မိပါတယ်လို့ ပြောထားပါတယ် ။

‘‘အဓိကအကြောင်းအရင်း ကတော့ ကျွန်တော်က ယောက်ျား လေးပရိသတ်ပိုများတယ်။ အဲဒါ ကြောင့်ပါ။ ယောက်ျားလေး ပရိ သတ်ကတော့ အိမ်ထောင်ကျ တာ၊ မကျတာ အေးဆေးပဲ။ ဆိုင် လည်းမဆိုင်ဘူးဆိုတော့ အဲဒါ ကြောင့် ထင်ပါတယ်။ အခုဆို အိမ်ထောင်သက်လည်း သုံးလ ကျော်ပြီ။ ထူးတော့မထူးခြားသေး ဘူး။ ဒါပေမဲ့ ထူးခြားတော့မှာပါ။ ကြိုးစားနေပါတယ်’’ လို့ ပြောထားပါတယ်။

Credit:7day



Follow us on