1. Home
  2. Myanmar News

ကျောင်းကားအဖြစ်ပြေးဆွဲရန် ကိုရီးယားကား အစီးရေ ၂၀၀ တင်သွင်းမည်

Myanmar News พ.ค. 30, 2560 view 1,518
ရန်ကုန်မြို့တွင်း ကျောင်းကားပြေးဆွဲမှု အစီစအစဉ်တွင် အသုံးပြုရန် ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းအမျိုးအစား ကားစီးရေ (၂၀၀)ကို မြန်မာနိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း ကိုရီးယား နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး အေဂျင်စီ (KOTRA)က မေလ ၂၂ ရက်နေ့က ကြေညာခဲ့သည်။
 
လူ (၂၉)ဦး စီးနင်းနိုင်သည့် ကိုရီးယားနိုင်ငံထုတ် Country Bus ကားအသစ် အစီး (၂၀၀) ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် KOTRA တို့၏ အစီအစဉ်အရ သင်္ဘောဖြင့် တင်ပို့မည်ဖြစ်ပြီး ဇွန်လကုန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ကားတင်သွင်းမှု အရောင်းအဝယ်ကိစ္စတွင် POSCO DAEWOO နိုင်ငံတစ်ကာကုမ္ပဏီလည်း ပူးပေါင်းပါဝင်ခဲ့သည်။
 
Source: Younhap News
 
 


Follow us on