1. Home
  2. Good Morning Myanmar

တောင်ကိုရီးယားသမ္မတသစ် သမ္မတအထူးရန်ပုံငွေသုံးစွဲမှုလျှော့ချမည့်

Good Morning Myanmar พ.ค. 30, 2560 view 1,397

တောင်ကိုရီးယားသမ္မတသစ် မွန်ဂျဲအင်ဟာ ပုဂ်္ဂိုလ်ရေးဆိုင်ရာအသုံးပြုမှုတွေမှာ ကိုယ်ပိုင်ငွေကိုပဲ သုံးစွဲသွားမှာဖြစ်တာကြောင့် သမ္မတအထူးရန်ပုံငွေတွေကို သုံးစွဲသွားမှာမဟုတ်ဘူးလို့ အုပ်ချုပ်ရေး ဆိုင်ရာ သမ္မတရုံးအတွင်းဝန် လီဂျောင်ဒူက ပြောပါတယ်။ဒါ့ကြောင့် သမ္မတဟာ သုံးပိုင်ခွင့်ရထားတဲ့ သမ္မတအထူးရန်ပုံငွေတွေကို လျှော့ချသုံးစွဲသွားဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ လီဂျောင်ဒူက ပြောပါတယ်။

အခုနှစ်အတွက်သုံးဖို့ကျန်တဲ့ သမ္မတအထူးရန်ပုံငွေ ၀မ်(၁၂.၅)ဘီလျံထဲကနေ (၇.၃)ဘီလျံကိုပဲသုံးစွဲသွားမှာဖြစ်ပြီး ကျန်နေတဲ့ ၀မ်ငွေ(၃.၅)ဘီလျံကို လူငယ်တွေအတွက် အလုပ်အကိုင်ဖန်တီးပေးဖို့နဲ့ ဖူလုံမှုအားနည်းတဲ့နိုင်ငံသားတွေကို ကူညီဖို့သုံးသွားမယ်လို့ သိရပါတယ်။ လျှော့ချလိုက်တဲ့အသုံးစရိတ်ကနေ ပိုတဲ့ရန်ပုံငွေတွေကို ပွင့်လင်းမြင်သာမှုအများဆုံးရှိအောင် အသုံးပြုသွားမယ်လို့လည်း လီဂျောင်ဒူက ပြောပါတယ်။အရင်က သမ္မတအထူးရန်ပုံငွေအသုံးပြုမှုကို စာရင်းဇယားနဲ့တကွတင်ပြတာမျိုးမလုပ်ခဲ့တာကြောင့် သမ္မတသစ်ရဲ့အစီအစဉ်ဟာ အထူးရန်ပုံငွေကို အလွဲသုံးစားလုပ်မှုကနေကာကွယ်တဲ့သဘောသက်ရောက်နေတာပါ။

နိုင်ငံတော်ရန်ပုံငွေတွေကို ပုဂ်္ဂိုလ်ရေးအရသုံးစွဲတဲ့ အကျင့်ဟောင်းတွေကို ဖျက်သိမ်း နိုင်ဖို့ စောင့်ကြည့်တာတွေလုပ်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က သတင်း ထုတ်ပြန်ပါတယ်။သမ်္မတ မွန်ဂျဲအင်ရဲ့ အခုလိုအထူးရန်ပုံငွေကိုလျှော့ချသုံးစွဲတာဟာ ၀န်ကြီးဌာန တွေမှာသုံးစွဲခွင့်ရှိတဲ့အထူးရန်ပုံငွေတွေကိုလည်း လျှော့ချစီစစ်သွားမယ့်အခြေအနေရှိတယ်လို့ တောင်ကိုရီးယားသတင်းမီဒီယာတွေမှာ သတင်းဖော်ပြနေပါတယ်။



Follow us on