1. Home
  2. Myanmar News

မကျေပွဲဆင်နွဲကြမည့် အောင်လအန်ဆန် နှင့် ဗစ်တာလီ ဘစ်ဒက်ရှ်

Myanmar News มิ.ย. 01, 2560 view 1,571

ယခုလ၃၀ရက်နေ့တွင်ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီ ဘစ်ဒက်ရှ်) နှင့်  “မြန်မာ့စပါးကြီးမြွေ” ခေါ် အောင်လအန်ဆန် တို့ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။ရုရှားနိုင်ငံ Rostov-on-Don မှ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီဘစ်ဒက်ရှ်) သည်ပရော်ဖက်ရှင်နယ် MMA ကစားသမားတစ်ဦးအနေဖြင့် ယှဉ်ပြိုင်ပွဲတစ်လျှောက်လုံး ရှုံးပွဲမရှိ၊ ကိုးပွဲလုံးအနိုင်ရရှိခဲ့သူဖြစ်သည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သော ထိပ်တန်း မစ်ဒယ်ဝိတ်တန်း ပြိုင်ပွဲဝင် အောင်လအန်ဆန်၏တစ်ဖက်ပြိုင်ဖက်ကို ဖမ်းချုပ်ရစ်ပတ်သည့် နည်းစနစ်ကြောင့် “မြန်မာ့စပါးကြီးမြွေ” ဟုအမည်ခေါ်တွင်ထားသူဖြစ်သည်။နောက်ဆုံး ယှဉ်ပြိုင်ထိုးသက်ခဲ့စဉ်က အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီ ဘစ်ဒက်ရှ်) ကို ဒိုင် ၏အဆုံးအဖြတ်နှင့် ရှုံးနိုမ့်ခဲ့ရပြီးယခုလ(၃၀)ရက်နေ့ည(၇)နာရီတွင်ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်သည်။



Follow us on