1. Home
  2. Good Morning Myanmar

မြန်မာနိုင်ငံမှာ ဒေသတွင်းနိုင်ငံတွေထက် (၅)နှစ်အောက်ကလေးသေဆုံးမှုနှုန်း မြင့်မားနေပြီး လာမယ့်နှစ်တွင်လျော့နည်းအောင် လုပ်ဆောင်သွားမည်

Good Morning Myanmar มิ.ย. 01, 2560 view 1,391

မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် (၅)နှစ်အောက်ကလေးသေဆုံးမှုနှုန်းဟာ မြင့်မားနေသေးတာကြောင့် လာမည့်နှစ်တွေမှာ သေဆုံးနှုန်းလျော့နည်အောင်လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။ (၅)နှစ်အောက် ကလေးသေဆုံးနှုန်းနဲ့ ပက်သက်ပြီး မေလ၃၀ရက်က နေပြည်တော်မှာ ရှိတဲ့ မင်္ဂလာသီရီဟိုတယ်မှာပြုလုပ်ခဲ့တဲ့ မွေးပြီး(၂၄)နာရီအတွင်း မွေးကင်းစကလေးစောင့်ရှောက်ခြင်း သေးငယ်သောကလေးပြုစုစောင့်ရှောက်ခြင်းနှင့်ကျန်းမာသော(၅)နှစ်အောက်ကလေးပြုစု စောင့်ရှောက် ခြင်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး မိတ်ဆက်ပွဲမှာ ဆွေးနွေးပြောကြားချက်များအရသိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၅-၂၀၁၆)ကကောက်ခံခဲ့တဲ့ မြန်မာနိုင်ငံလူနေမူနဲ့ ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက်များစစ်တမ်းအရ အသက်ရှင်လျက်မွေးဖွားနိုင်ခဲ့တဲ့ ကလေး(၁၀၀၀)မှာ(၅၀)ဦးသေဆုံးနေတာဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်ရင် လာအိုနိုင်ငံ ကလွဲပြီး ကျန်နိုင်ငံတွေထက်များပြားနေတယ်လို့သိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၀၁ မှ ၂၀၀၅ ခုနှစ်အတွင်းကောက်ခံရရှိထားတဲ့ စာရင်းတွေအရ ကလေးသေဆုံးမှုနှုန်းဟာ အသက်ရှင်လျက် မွေးဖွားနိုင်ခဲ့တဲ့ ကလေးအယောက်(၁၀၀၀)မှာ သေဆုံးသူ(၁၀၃)ဦးအထိရှိခဲ့တာဖြစ်ပြီး ယခုနှုန်းထား နဲ့နှိုင်းယှဉ်ပါက (၅၀)ရာခိုင်းနှုန်းအထိလျှော့ချနိုင်ခဲ့တယ်လို့သိရပါတယ်။ ပြည်တွင်းမှာ(၅)အောက်ကလေးသေဆုံးနှုန်းကိုလျှော့ချနိုင်ဖို့နဲ့ပတ်သက်ပြီး သေးငယ် သော မွေးကင်းစကလေးတွေအတွက် အခြေခံပြုစုစောက်ရှောက်မှုလုပ်ငန်းစဉ်တွေကို အသိပညာ ပေးတာတွေကို ဆောင်ရွက်သွားမယ်လို့သိရပါတယ်။



Follow us on