1. Home
  2. Good Morning Myanmar

လှိုင်မြစ်ရေညစ်ညမ်းမှုကာကွယ်ရန် စူလတန်ချောင်းရေထိန်းတံခါးမပိတ်ပြီး အမှိုက်ဆယ်ယူ

Good Morning Myanmar มิ.ย. 01, 2560 view 1,406

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် အမှတ်(၇)အနီးရှိ စူလတန်ချောင်းထဲက အမှိုက်တွေ လှိုင်မြစ်ထဲကို မျောပါမသွားစေဖို့ မြောက်ပိုင်းခရိုင်စည်ပင်သာယာရေးကော်မတီက စူလတန် ချောင်းရဲ့ရေထိန်းတံခါးမကြီးကိုပိတ်ပြီး မေလ(၃၀)ရက်မှာ အမှိုက်တွေဆယ်ယူခဲ့ပါတယ်။ လှိုင်မြစ်ထဲကို အမှိုက်သရိုက်တွေစီးဝင်ပြီး မြစ်ရေတိမ်ကောတာနဲ့မြစ်ရေညစ်ညမ်း တာတွေမဖြစ်ဖို့ ရေတက်ချိန်အတွင်း စူလတန်ချောင်းရေထိန်းတံခါးကိုပိတ်ပြီး အမှိုက်ဆယ်ယူရေးတွေ ပြုလုပ်နေတာဖြစ်တယ်လို့ မြောက်ပိုင်းခရိုင်ဌာနမှူးက ပြောပါတယ်။

စူလတန်ချောင်းက ပေ(၄၅၀၀)အထိရှည်လျားတာကြောင့် ချောင်းတစ်လျှောက် မှာရှိတဲ့ ရပ်ကွက်(၈)ခုက စွန့်ပစ်အမှိုက်တွေ၊သစ်ကိုင်းသစ်ခက်တွေမျောပါပြီးစုပုံနေသလို စက်မှုဇုန်ထွက်အမှိုက်တွေကို ချောင်းအတွင်းခိုးပြီးစွန့်ပစ်တာတွေရှိတယ်လို့သိရပါတယ်။အခုလို အမှိုက်တွေ ဆယ်ယူတာကြောင့် အနံ့အသက်ကင်းပြီး ရေစီးရေလာကောင်းသွားမယ်လို့ ချောင်းအနီးရှိ ပြည်သူတွေကပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ စီမံရေးရာဌာန၊လမ်းတံတားဌာနနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနတို့ပူးပေါင်းပြီး လှိုင်သာယာမြို့နယ်တစ်ခုလုံး ရေစီးရေလာကောင်းမွန်စေဖို့ ရပ်ကွက်(၂၀)၊ရေထိန်းတံခါး(၂၈)ခုနဲ့ချောင်း(၁၆)ခုတို့မှာ အမှိုက်ဆယ်ယူ ရေးတွေကို လူအင်အားအပြင် စက်ယန္တရားတွေအသုံးပြုပြီး လုပ်ဆောင်သွားမယ်လို့သိရပါတယ်။



Follow us on