1. Home
  2. Good Morning Myanmar

ရန်ကုန်မှာ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှု အရင်နှစ်ကထက် အနည်းဆုံး (၁၀)ဆပိုများနိုင်မည်ဟုဆို

Good Morning Myanmar มิ.ย. 01, 2560 view 1,415

ရန်ကုန်မှာ ဒီနှစ်မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှု မနှစ်ကထက် အနည်းဆုံး(၁၀)ဆပိုများ နိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ လာမယ့် ဇွန်လ ၂၆ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်အလွဲသုံးမှု နှင့် တရားမ၀င်ရောင်းမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မှာ မီးရှို့ဖျက်ဆီးမယ့် မူးယစ်ဆေးဝါးပမာဏာဟာ မနှစ်ကထက် အနည်းဆုံး(၁၀)ဆပိုများနိုင်မယ်လို့ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ရန်ကုန်မှာမီးရှို့ဖျက်ဆီးမယ့် မူးယစ်ဆေးဝါးတွေ ကတော့ ရန်ကုန်တိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ်(၇)ခုနှင့် အမြန်လမ်း၊နယ်ခြားစောင့်တပ်ဖွဲ့ တွေက တစ်နှစ်တာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးမျိုးစုံကို မီးရှို့ဖျက်ဆီးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဦးစီးပထမတန်း ဒုရဲမှူးကြီးမြင့်ထွေးက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ကာတွန်း၊ပိုစတာ၊ကွန်ပျူတာပန်ချီပြိုင်ပွဲများကျင်းပဖို့နဲ့ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲနဲ့ဆုချီးမြှင့်ပွဲအခမ်းအနားကျင်ပနိုင်ရေး မေ(၃၁)ရက်က ဒုတိယအကြိမ်မြောက်ပြုလုပ်တဲ့ ကော်မတီအစည်းအဝေးပွဲမှာ ပြောကြားလိုက်တာလဲ ဖြစ်ပါတယ်။ ဒီအတွက် တိုင်းရဲတပ်ဖွဲ့အပါဝင် သက်ဆိုင်ရာဌာနတွေစုပေါင်းကာ ကော်မတီ၊ ဆပ်ကော်မတီတွေ ဖွဲ့စည်းပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အရင်နှစ်က ရန်ကုန်မှာ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှု တန်ဖိုးကျပ်ငွေ ၂၃ ဘီလီယံကျော်ရှိခဲ့ပါတယ်။ မနှစ်ကတစ်နိုင်ငံလုံး အတိုင်းအတာအရ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးမှုကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးစတဲ့(၃)နေရာမှာပြုလုပ်ပြီး ငွေကျပ် ၆၆ ဘီလီယံကျော်တန်းဖိုးရှိတယ်လို့လည်း သိရပါတယ်။



Follow us on