1. Home
  2. Myanmar News

အချိန်မီမဖယ်ရှားပေးတဲ့ KTV ဆိုင်နှစ်ဆိုင်ကို စည်ပင်တရားစွဲဆို

Myanmar News มิ.ย. 02, 2560 view 1,432

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မေလ ၁၅ ရက်မှာ နောက်ဆုံးထားဖယ်ရှားပေးဖို့ အသိပေးအကြောင်းကြားထားပေမယ့် မဖယ်ရှားဘဲ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ KTV ဆိုင် နှစ်ဆိုင်ကို နိုင်ငံပိုင်ပစ္စည်း ပျက်စီးစေမှု ပုဒ်မ ၆ (၁) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

နောက်ဆုံး ဖယ်ရှားပေးရမယ့်ရက်အထိ ဖယ်ရှားခြင်းမရှိတဲ့အတွက် ဆိုင်မန်နေဂျာ ၂ ဦးကို ပုဒ်မ ၆(၁) နဲ့တောင်ပိုင်းခရိုင် စည်ပင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က တရားစွဲဆိုထားတာဖြစ်ပြီး ဆိုင်ပိုင်ရှင်ကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

KTV ဖွင့်လှစ်ထားတဲ့ မြေနေရာတွေဟာ ငှားရမ်းထားတဲ့ သက်တမ်း နှစ် ၂၀ ခန့်ကျန်နေသေးပေမယ့် မြေနေရာ ငှားရမ်းစဉ်ကတည်းက စာချုပ်တွင် နိုင်ငံတော်က အသုံးပြုရန်လိုအပ်လာပါက ပြန်လည် အပ်နှံရမယ် ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားပြီး ဖြစ်ပါတယ်။

မီးဘေးသင့်ထားတဲ့ မင်္ဂလာဈေးကို ပြန်တည်ဆောက်ရာတွင် ပါဝင်မယ့် မြေများဖြစ်သဖြင့် ဖယ်ရှားခိုင်းရခြင်းဖြစ်ပြီး ဇွန်လကုန်ပိုင်းတွင် ဆောက်လုပ်ရေးကုမ္ပဏီများကို တင်ဒါခေါ်ယူဖို့ စီစဉ်ထားပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : The Voice News



Follow us on