1. Home
  2. Movie Stars - Celebrity

လက်ဖျံပေါ်က တက်တူးကို ဖျက်ပစ်လိုက်တဲ့ ကျော်ထက်အောင်

Movie Stars - Celebrity มิ.ย. 02, 2560 view 1,695

လယ်တွင်းသားစောချစ်ရဲ့ “ပန်းမြိုင်လယ်က ဥယာဉ်မှူး” ၀တ္ထုကို “နေခြည်မှာရွှေရည်လောင်း” အမည်နဲ့ ရုပ်ရှင်ရိုက်ကူးမယ့် ဇာတ်ကားမှာ ကျော်ထက်အောင်က ကျောင်းဆရာ မောင်ငြိမ်းချမ်းဆိုတဲ့ ကျောင်းဆရာ ကာရိုက်တာနဲ့ သရုပ်ဆောင်မယ်လို့ သိရပါတယ်။

ကျော်ထက်အောင်က ဇာတ်ရုပ်အရ ၁၉၇၀ ခုနှစ်က ကျောင်းဆရာတစ်ယောက်အနေနဲ့ သရုပ်ဆောင်မှာ ဖြစ်တာကြောင့် လက်ဖျံကတက်တူးကို ဖျက်ပစ်ခဲ့ရတဲ့ အကြောင်းရင်းကို အခုလို ပြောပြခဲ့ပါတယ်။

“ကျောင်းဆရာတစ်ယောက်အနေနဲ့ ဇာတ်ရုပ်အရ ၁၉၇၀ မှာဆိုရင် မိတ်ကပ်နဲ့ ဖျက်လည်း အာရုံနောက်စရာ ၊ စာသင်တဲ့လက်ဆိုတော့ လက်အများဆုံး သုံးပြီး သရုပ်ဆောင်ရမှာ။ မိတ်ကပ်နဲ့ ဘယ်လောက်ဖျက်ဖျက် တက်တူးပေါ်သွားရင်လည်း မကောင်းဘူး။ လက်ဖျံမှာဆိုတော့ အဆင်မပြေဘူး။ အဲဒါကြောင့် ဒီကားအတွက်ရော နောက်ကားတွေအတွက်ပါ အဆင်ပြေအောင် တက်တူးကို ဖျက်ပစ်လိုက်တာ” လို့ ကျော်ထက်အောင်က ပြောပါတယ်။

ကျော်ထက်အောင်က ပထမဆုံး ရိုက်ကူးခဲ့တဲ့ “ကြက်ဂူ” ဇာတ်ကားမှာလည်း ကျောင်းဆရာဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်ဖူးလို့ ကျောင်းဆရာဇာတ်ရုပ်နဲ့ မစိမ်းဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ဒီဇာတ်ရုပ်အတွက် ဆရာလယ်တွင်းသားစောချစ်နဲ့လည်း တွေ့ဆုံပြီး မောင်ငြိမ်းချမ်း ကာရိုက်တာနဲ့ပတ်သတ်ပြီး လေ့လာဖို့ ရှိသလို ကိုယ့်ဘာသာလည်း စိတ်ကူးယဉ်ထားတယ်လို့ ကျော်ထက်အောင်ကပြောပါတယ်။

Source and Ref : 7Day Daily



Follow us on