1. Home
  2. Myanmar News

အမြန်လမ်း၌ ဖြတ်သန်းသည့် ယာဉ်များ အားလုံး ခါးပတ်မပတ်ပါက အရေးယူမည်

Myanmar News มิ.ย. 02, 2560 view 1,521

ရန်ကုန်-မန္တလေး အမြန်လမ်းကို အသုံးပြု ကာ မောင်းနှင်သွားလာကြ သည့် မော်တော်ယာဉ်များ အားလုံးကို ပညာပေး အစီအစဉ်များ ပြုလုပ်ထားပြီး ဖြစ်ခြင်းကြောင့် ထိုင်ခုံခါးပတ် မပတ်သည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေပေးဆောင်ရန် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''ထိုင်ခုံခါးပတ် ပတ်ပြီး စီးကြဖို့ ကမ်ပိန်းတွေလည်း လုပ်ပြီးပါပြီ။ ပညာပေး အစီအစဉ်တွေ လည်း လုပ်ဆောင် ထားပါတယ်။ အရေးကြီးတဲ့ ကိစ္စဖြစ်တာကြောင့် ယာဉ်အ္တရာယ် မတော်တဆမှုတွေ ဖြစ်ပွားတာ မျိုးဆိုရင် အများကြီး ဘေးကင်းစေ ဖို့အတွက် အရေးယူသွားမှာ ဖြစ်ပါတယ်။ ဇွန်လကနေစပြီး တိုးဂိတ်တွေမှာလည်း စောင့်ကြည့် စစ်ဆေးသွားမှာ ဖြစ်သလို လမ်းမပေါ်မှာလည်း စောင့်ကြည့် စစ်ဆေးသွားမှာ ဖြစ်ပါတယ်'' ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ထွန်းထွန်းဦးက ပြောသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ကဲ့သို့သော မြို့ကြီးများတွင် ထိုင်ခုံခါးပတ် တပ်ဆင်ခြင်း ရှိ၊မရှိ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး စည်းကမ်း လိုက်နာမှု မရှိသည့် မော်တော်ယာဉ်များကို ဒဏ်ငွေ သုံးသောင်း ကျပ်ဖြင့် အရေးယူမှုများ ပြုလုပ် နေသော်လည်း အမြန်လမ်း တွင် တိုးဂိတ်များ၌သာ စစ်ဆေးပေးနိုင်မည် ဖြစ်ပြီး နောက်ပိုင်း တွင် ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ ပါက အသက်အန္တရာယ် ထိခိုက်မှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်ရေး အတွက် ထိုင်ခုံခါးပတ်များ ပတ်ထားမှု ရှိမရှိကို ရှောင်တခင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လိုက်နာခြင်းမရှိသည့် မော်တော်ယာဉ်များသည် သက်ဆိုင်ရာ မြို့နယ်များရှိ တရားရုံးများတွင် ဒဏ်ငွေများ ပေးဆောင် ရမည်ဖြစ်ပြီး အမြန်လမ်းတွင် မတော်တဆ ယာဉ်တိမ်းမှောက်ခြင်းများ မကြာခဏ ဖြစ်ပွားမှုအတွက် အသိပညာပေး လုပ်ငန်းများကိုလည်း ဆက်တိုက်ပြုလုပ် ပေးနေကြောင်း သိရသည်။

Credit - The Ladies News

 



Follow us on