
ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်က အိန္ဒိယလူမျိုး Victor Raj (၄၈)နှစ် နှင့် ဇနီးဖြစ်သူ မခိုင်စပယ်နှင်းအောင် (၃၁) နှစ်တို့ သေဆုံးခဲ့ခြင်းအပေါ် ရဲတပ်ဖွဲ့က မနေ့ညကထုတ်ပြန်ခဲ့ရာအဆိုပါထုတ်ပြန်ချက်အရ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် သတ်သေခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါထုတ်ပြန်ချက်နဲ့စပ်လျှဉ်း၍ သေဆုံးသွားသူတွေနီးစပ်သူတွေကလက်မခံနိုင်ခဲ့သလို ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ မူရင်းထုတ်ပြန်ချက် သတင်းအောက်မှာ ဝေဖန်မှုပေါင်း ၁၇၀၀ ကျော်အပြန်အလှန် ဝေဖန်လျှက်ရှိတာကို တွေ့ရပါတယ်။ ဝေဖန်သူတွေက ထုတ်ပြန်ချက်ကိုအချက်အလက်နဲ့ ထောက်ပြပြောဆိုကြတာ တွေ့ရပါတယ်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ Victor Raj လက်ကောက်ဝတ်သွေးပြန်ကြောတွေပြတ်တောက်နေခဲ့သော်လည်း အနီးတ၀ိုက်တွင် သွေးထွက်လွန်ခဲ့တဲ့ လက္ခဏာမတွေ့ရခြင်း၊ လက်ကောက်ဝတ်တစ်ဖက်ကို ဖြတ်ပြီးသူအနေဖြင့် အဆိုပါ ဓားမကြီးကို ကိုင်ကာ နောက်ထပ် လက်တစ်ဖက်အား ထပ်မံဖြတ်တောက်ရန် ခက်ခဲနိုင်ခြင်း၊Victor Raj ၏ ရင်ဘတ်မှ ထိုးသွင်းဒဏ်ရာတွေမှာ ဓားမကဲ့သို့ ဓားဖြင့် ထိုး၍ ရရှိနိုင်တဲ့ဒဏ်ရာမျိုးမဟုတ်ကြောင်းနှင့် ချွန်ထက်သောအရာဖြင့်ထိုးထားသော ဒဏ်ရာမျိုးသာ ဖြစ်ခြင်းစသဖြင့်ဝေဖန်ထားကြပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလတုန်းက သူတိုအရေးကြီး ဖုန်းထူးဆန်းစွာပျောက်သွားကြောင်း။ ဖုန်းထက်တန်ဖိုးရှိတာမယူဘဲ ဖုန်းသာယူသွားလို့ ရဲစခန်းမှာအမှုဖွင့်ဖို့ လုပ်ထားကြောင်း အမျိုးသားဖြစ်သူက ဖေ့စ်ဘွတ်မှာတင်ခဲ့ပါသေးတယ်။သူတို့နှစ်ယောက်ပုံတွေအရ အရမ်းချစ်ကြတဲ့သူတွေဖြစ်ကြောင်း၊ကလေးမရှိပေမယ့် ခွေးလေးများ မွေးထားကြောင်း ဝေဖန်စာတွေကဖော်ပြနေပါတယ်။
.jpg)

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)








comment