
(၄.၆.၁၇) နေ့ညနေက တာမွေအ၀ိုင်းထိပ်တွင် YBS 20 ယာဉ်နဲ့ လူအချို့ ပြသနာဖြစ်ပွားကြရာ
တာဝန်ရှိသူများရောက်ရှိလာမှသာ အဆင်ပြေသွားကြောင်းသိရပါတယ်။
“ ညနေက တာမွေအဝိုင်းထိပ်မှာဖြစ်သွားတဲ့ကိစ္စ
YBS 20 ကတာမွေအဝိုင်းထိပ်နားေ
ာက်တော့ရေတွေကကြီးပြီးဆက်သွားလို့ကိုမရတော့တဲ့အခြေအနေ bus ကားပေါ်မှာလည်းခရီးသည်တွေကအပြည့်ပါလာတော့ driver ကလည်း ဖြတ်မောင်းလာတယ် ဘလောက်ရေကြီးလဲဆိုတော့ ကားခေါင်မိုးတာင်ကန်တက်လာတာ ဖြတ်သွားတဲ့အရှိန်နဲ့ အဲ့တော့ ဘေးက ဆိုင်လေးတွေ မခိုင်တဲ့အိမ်တံခါးလေးတွေပျက်စီးကုန်တယ် အဲ့မှာ နောက်ကလူငါးယောက်လောက်ကလိုက်လာတယ် တုတ်တွေဆွဲပြီးတော့ driver ကိုရိုက်မယ်နှပ်မယ်လုပ်ရော ကားပေါ်က ခရီးသည်တွေကမလုက်ကြပါနဲ့ တောင်းပန်ပါတ
်ဆိုပြီးဝိုင်းတားကြရော ဟိုလူတွေကလည်းမဆင်းလာရင် မှန်ရိုက်ခွဲမယ်ဘာမယ်နဲ့ လုပ်ကော
driver ကလည်းတောင်းပန်ပါတယ် ကျွန်တော်ကတော့ bideo ရိုက်နေတာပေါ့ တွေ့သွားတော့မင်းဆင်းခဲ့စမ်းဘာနဲ့ညာနဲ့ပေါ့ video ပြန်ဖျက်စမ်းပြောရော ဘေးကအစ်ကိုတစ်ယောက်ဝင်ပြောပေးလို့ မဟုတ်ရင်မချောင်ဘူး အမှန်တကယ်ဆို သူ့တို့ဟာတွေပျက်စီးသွားတယ် ဘလိုလုပ်မှာလဲဘာလဲမပြောဘူး ရိုက်မယ်နှပ်မယ်နဲ့ ဒါကမင်းမဲ့စရိုက်လိုဖြစ်သွားပြီ ပြဿနာဖြစ်နေတာတောင်ကားပေါ်ကတချို့မဆင်းကြဘူး driver တယောက်တည်း အနိုင်ကျင့်ခံရမှာစိုးလို့ ရဲတွေရောက်လာတော့ အေးအေးဆေးဆေးဖြစ်သွားပြီ” လို့ အဆိုပါ ရုပ်သံဖိုင်တင်ခဲ့သူကဆိုပါတယ်။
“ဒီလိုမောင်းလို့ ဒီကားဆရာကို ၀ိုင်းရိုက်ဖို့လုပ်ကြတာပါ။ သူကလည်းတောင်းပန်ပါတယ်လို့အကြိမ်ကြိမ်၊ ကားပေါ်ပါခရီးသည်တွေကလည်း သူ့ကိုယ်စားတောင်းပန်ပါတယ်ဆိုတာကိုတောင် မကျေနပ်ဘဲ အုပ်စုနဲ.တုတ်ကိုင်ခြိမ်းခြောက်တာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်ကျမတောင်းပန်ပါတယ်လို့အကြိမ်ကြိမ်ပြောနေတာကို ကိုလည်းဘာမှကိုယ်ထိလက်ရောက်မဖြစ်ဘဲနဲ. ခွင့်လွှတ်ရမယ့်အစား ရမ်းကားလူမိုက်ကျတာပါ။” Myanmar Now မှ ကိုဆွေဝင်းက ဆိုပါတယ်။
comment