1. Home
  2. Movie Stars - Celebrity

လည်ပင်းအောက်က အဆီပိုတွေပါ ကိုရီးယားမှာ ဖယ်ထုတ်ခဲ့တဲ့ ဆုပန်ထွာ

Movie Stars - Celebrity มิ.ย. 05, 2560 view 1,446

မင်းသမီး ဆုပန်ထွာက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က နှာခေါင်းပြုပြင်ထားတာကို သွားပြရင်း လည်ပင်းအောက်က အဆီပိုတွေပါ ကိုရီးယားမှာ ခွဲစိတ်ဖယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဆုပန်ထွာက သူ့ရဲ့နှာခေါင်းထဲက ဆီလီကွန်တံလေးကို ထုတ်ပြီး နားထဲက အရိုးနုလေးနဲ့ အစားထိုးထည့်ခဲ့သလို လည်ပင်းအောက်က အဆီပိုတွေကိုဖယ်ထုတ်ပြီး ဆွဲတင်တဲ့ ကုသမှုလုပ်ခဲ့ပါတယ်။

လည်ပင်းအောက်က အဆီပိုတွေအပြင် ဗိုက်ကအဆီတွေပါ ဖယ်ရှားပစ်ခဲ့ချင်ပေမယ့် ဗိုက်ခွဲမွေးထားတာ ရှစ်လလောက်ပဲ ရှိသေးတာကြောင့် နောက်ခြောက်လ ဒါမှမဟုတ် ရှစ်လလောက်နေမှ ထပ်လုပ်ဖို့ ကိုရီးယားဆေးရုံက အကြံပြုလို့ နှစ်ခုသာလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဆေးဝါးများကောင်းမွန်တာကြောင့် နာကျင်မှု လုံးဝမရှိဘဲ ပုံမှန် လှုပ်ရှားနိုင်ပေမယ့် မျက်နှာအနည်းငယ် ရောင်ရမ်းနေသေတာကြောင့် တစ်လခန့် အနားယူရမယ်လို့ ဆုပန်ထွာက ပြောပါတယ်။

Source : 7Day Daily



Follow us on