1. Home
  2. Movie Stars - Celebrity

ကလေးတွေကြောင့် ခရီးထွက်ဖြစ်တာလို့ ပြောလာတဲ့ အူဝဲ

Movie Stars - Celebrity มิ.ย. 05, 2560 view 1,596

ပြည်တွင်းပြည်ပခရီးတွေအသွားများတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစု ဟာ ခရီးတွေထွက်ဖြစ်ရတဲ့ အကြောင်းက ကလေးတွေ ငယ်ငယ်တည်းက ခရီးတွေသွားဖြစ်တယ် သူတို့ ခရီးဒဏ်ခံနိုင်ရည်ရှိပြီး စူးစမ်းလေ့လာမှုအားကောင်းအောင် ခရီးတွေထွက်ဖြစ်တာဖြစ်ပြီး စူးစမ်းလေ့လာမှုလဲ လည်းပိုကောင်းလာပါတယ်။ အကြီးမလေးကျောင်းတက်တဲ့အချိန်တော့ ခရီးမသွားဖြစ်ပါဘူး လို့ ပြောသွားခဲပါတယ်။

ဇာတ်ကားတွေ ရုံတင်ရင်လဲ ဘယ်သူ့ ကားပဲ တင်တင် ပရိတ်သတ်တစ်ယောက်နေရာကပဲ ကြည့် ဖြစ်တယ် ။ ငိုစရာ ရှိရင်လည်း လိုက်ငိုပြီး ရီစရာ ရှိရင်လည်း လိုက်ရီပေးပြီး တကယ့်ပရိတ်သတ်တစ်ယောက်နေရကနေပဲ ခံစားပြီး ကြည့် ပေးဖြစ်တယ်လို့ လဲ ပြောထားပါတယ်။ သုဒြာထုတ်လုပ်ရေးကနေလဲ ဇာတ်ကား ၃ကားမြောက် ဇာတ်ကားကို လဲ ထုတ်လုပ်ဖို့ ရှိသေးတယ်လို့ ပြောသွားခဲ့ ပါတယ် ။

လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ““ဒီကြားထဲမှာကြော်ငြာတွေလက်ခံ ထားတာရှိတယ်။ သမီးလေး ကျောင်းပိတ်ရင် ရုပ်ရှင် ဇာတ်ကားကြီးတစ် ကားလက်ခံ ထားတာရှိတယ်။ ကလေးကျောင်း ဖွင့်တဲ့အခါကျတော့ ခရီးခဏ ခဏထွက်ရတော့ ဇာတ်ကားရိုက်လက်ခံလို့မရဘူး။ သမီး ကျောင်းပိတ်တဲ့အခါကျမှကိုယ် ဇာတ်ကားရိုက်တဲ့နောက်ကို သူ့ ကိုပါခေါ်သွားတယ်””လို့ပြောသွားခဲ့ ပါတယ် ။



Follow us on