1. Home
  2. Movie Stars - Celebrity

နွားနဲ့စကားပြောခဲ့တယ်ဆိုတဲ့ ကျော်ထက်အောင်

Movie Stars - Celebrity มิ.ย. 05, 2560 view 2,142

ဇာတ်ကားတွေရိုက်ကူးနေတဲ့ Myanmar Idol အစီအစဉ်တင်ဆက်သူ သရုပ်ဆောင် ကျော်ထက်အောင်က နွားလှည်းစီးတဲ့အခန်းရိုက်ရင်း နွားတွေကို သနားမိသွားလို့ နွားတွေနဲ့ စကားသွားပြောခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။

“ဒီနေ့ နွားလှည်းစီးပြီးလာတဲ့အခန်းရိုက်တယ်

စိတ်ထဲသူတို့ကိုအရမ်းသနားသွားတယ်

ထမ်းထားတဲ့ဝန်ကို လေးတယ်မပြောသာကြဘူး

နွားလှည်းပဲ့ထိမ်းက "သူတို့အစာမစားရသေးဘူး"တဲ့
ပိုလို့တောင် သနားမိသွားတယ်

စာတယ်မပြောတက် လေးတက်မပြောတက်နဲ့

ဒါနဲ့သူတို့ကို စကားသွားပြောခဲ့တယ်

"ငါ ရုပ်ရှပ်ရိုက်လို့ စီးတာပါသားကြီးတို့ရာ"လို့

ပြီးတော့ ခေါင်းလေးတွေပွတ်ပြီး "သရဏဂုံ" ဆိုပေးခဲ့တယ်

မေးမိသွားတယ် "ဗိုက်စာနေလား ပင်ပန်းနေလား"လို့

အဲ့တော့ မျက်ရည်တွေနဲ့ ကျတော့်ဘက်ဦးလှည့်ပြီး

နှာတွေမှုတ်ပြတယ် စမြုပ်တွေလည်းပြန်လို့

ရယ်ကြတယ် လူတွေက သူတို့နဲ့စကားပြောလို့တဲ့

တကယ်တော့ ကျတော့် မေတ္တာ သူတို့နားလည်သလို

သူတို့ မျက်လုံးတွေကပြောတဲ့စကားတွေကျတော်သဘောပေါက်ခဲ့တယ်

ပြီးသွားတော့ ကျတော် "ကျေးဇူးတင်ပါတယ် သားကြီးတို့ရာ" လို့ ကျေးဇူးတင်ခဲ့တယ်”

Photo by - Hsu Mhm

Source : ကျော်ထက်အောင် ဖေ့စ်ဘွတ်



Follow us on