1. Home
  2. Movie Stars - Celebrity

အခွေမထွက်ခင် အွန်လိုင်းကနေ အောင်လနဲ့ စုံတွဲသီချင်းဆိုပြမယ်ဆိုတဲ့ ၀ိုင်းစု

Movie Stars - Celebrity มิ.ย. 05, 2560 view 1,412

အဆိုတော် ၀ိုင်းစိုခိုင်သိန်းရဲ့ မယ်သီတာ မီနီအယ်လ်ဘမ်က ဒီလကုန်မှာ ထွက်တော့မှာဖြစ်ပါတယ်။ သီချင်းခြောက်ပုဒ် ပါဝင်မယ့် ၀ိုင်းစုရဲ့ ဒီမီနီအယ်လ်ဘမ်ထဲက တစ်ပုဒ်ဖြစ်တဲ့ "အနားမှာရှိရင်"ဆိုတဲ့ စုံတွဲသီချင်းလေးကို အခွေမထွက်ခင် ပရိသတ်ကို အွန်လိုင်းကနေ ဆိုပြမယ်လို့ ၀ိုင်းစုခိုင်သိန်းက The Voice နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ဝိုင်းစုခိုင်သိန်းက ချစ်သူ အောင်လက သူ့အတွက် အားကိုးစရာဖြစ်ပြီး ဂီတပိုင်းနဲ့ပတ်သတ်လို့ သူကအများကြီးသင်ပေးတယ်လို့ ဆိုပါတယ်။ မသိလို့ မေးလိုက်တိုင်း သူကအကုန်သိနေတဲ့အတွက် အကုန်ပြန်သင်ပေးတော့ အများကြီး အထောက်အကူဖြစ်တယ်လို့ ၀ိုင်းစုကပြောပါတယ်။

တစ်ခွေလုံးကို ၀ိုင်းစုခိုင်သိန်းကိုယ်တိုင် ဟာမိုနီလိုက်ထားသလို ဆိုပုံ ဆိုပေါက်ကအစ ပြောင်းလဲထားပြီး သေချာကြိုးစားထားတဲ့အတွက် မယ်သီတာမီနီအယ်လ်ဘမ်ဟာ လုပ်ခဲ့သမျှ အယ်လ်ဘမ်တွေထဲမှာ အားအရဆုံး အယ်လ်ဘမ်တစ်ခုဖြစ်တယ်လို့ The Voice မှာဖော်ပြထားပါတယ်။

ချစ်သူ အောင်လနဲ့ လက်တွဲဖို့ စဉ်းစားထားပေမယ့် ဒီနှစ်ထဲမှာတော့ လုပ်စရာတွေအများကြီးရှိနေသေးလို့ မဖြစ်နိုင်သေးပါဘူးလို့လည်း ၀ိုင်းစုကပြောပါတယ်။ အဆိုတော် အောင်လကလည်း စက်တင်ဘာလမှာ အသုံးတော်ခံအမည်ရ အခွေတစ်ခွေထွက်ဖို့ ရှိနေပါတယ်။

သူတို့ ဂီတစုံတွဲကိုတော့ ပရိသတ်တွေက မယ်သီတာရဲ့ အသုံးတော်ခံ ဆိုပြီးလည်း စနေကြပါတယ်။

Source : The Voice



Follow us on