1. Home
  2. Good Morning Myanmar

စားသုံးသူပညာပေးရေးဘာသာရပ်ကို အခြေခံပညာအလယ်တန်းအဆင့် သင်ရိုး ညွှန်းတမ်းတွေမှာ ထည့်သွင်းရေးအဆိုပြည်သူ့လွှတ်တော်မှာဆွေးနွေးမည်

Good Morning Myanmar มิ.ย. 05, 2560 view 1,401

စားသုံးသူပညာပေးရေးဘာသာရပ်ကို အခြေခံပညာအလယ်တန်းအဆင့်ဖြစ်တဲ့ ၆တန်း၊ ၇တန်းနဲ ၈တန်းတို့က သင်ရိုးညွှန်းတမ်းတွေမှာထည့်သွင်းသင်ကြားနိုင်ရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်သူလွှတ်တော်မှာ ဆွေးနွေးဖို့သဘောတူလိုက်တယ်လို့ သိရပါတယ်။ စားသုံးသူပညာပေးရေးဘာသာရပ်ကို အလယ်တန်းအဆင့် သင်ရိုးညွန်းတမ်း တွေမှာ ထည့်သွင်းသင်ကြားနိုင်ရေးနဲ့ပတ်သက်ပြီး ဇွန်လ၂ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးမှာ ကျိုတ်လတ်မဲဆန်္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရန်လင်းက ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်း ခဲ့တာပါ။

အဆိုရှင်ကနိုင်ငံသားများအားလုံးကိုစားသုံးသူပညာပေးရေးဘာသာရပ်ကို သင်ကြား ပေးခြင်းကြောင့် စားသုံးသူရေးရာမှာအသိပညာတွေမြင့်မားလာပြီး ရွေးချယ်ဝယ် ယူသုံးစွဲလာကြ တာကြောင့် အန္တရာယ်ရှိတဲ့အစားအစာတွေ၊ဆေးဝါးအတုတွေနဲ့ ညံ့ဖျင်းတဲ့ ၀န်ဆောင်မူတွေကို ဈေးကွက်အတွင်းက တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်တယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် စားသုံးသူ ပညာပေးရေး(ConsumerEducation)ကို အခြေခံပညာ အလယ်တန်းအဆင့်တွေဖြစ်တဲ့ ၆တန်း၊၇တန်းနဲ့၈တန်းတို့ကသင်ရိုးညွန်းတမ်းတွေမှာ ထည့်သွင်း သင်ကြားပေးခြင်းဖြင့် အသိပညာတွေမြင့်မားလာနိုင်တာကြောင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်း တာလို့သိရပါတယ်။ ယခုအဆိုကို ပြည်သူလွှတ်တော်မှာ ကန့်ကွက်သူမရှိတာကြောင့် လက်ခံဆွေးနွေးဖို့သဘောတူ လိုက်တာလို့သိရပါတယ်။



Follow us on