1. Home
  2. Myanmar News

ကရင်​ပြည်​နယ်​က ရှားရှားပါးပါး ထူးခြားတဲ့ ဒူးရင်းသီး အ၀စားအလှူ

Myanmar News มิ.ย. 06, 2560 view 1,524

(၄၄) ကြိမ်မြောက်​လောင်းကိုင်ကျေးရွာရဲ့ ဒူးရင်းသီးအဝစား အလှူ မြင်ကွင်းပါ။ကာ့ကရိတ်မြို့နယ်၊ လောင်းကိုင်ကျေးရွာကလောင်းကိုင်ကျောင်းတိုက်မှာ ၁ နှစ်တစ်ကြိမ်လုပ်နေကျ ဒူးရင်းသီး အဝကျွေးတဲ့ (၁.၆.၂၀၁၇) နေ့က အလှူပါ။ အလှူလာသမျှလူတိုင်းကို ဒူးရင်းသီးတွေချကျွေးပါတယ်။ ကြိုက်သလောက်စား၊ အဝစား။

 

အရသာမကြိုက်တဲ့အသီးကို မစားဘဲ ဘေးဖယ်ထားလိုက်။ အရသာပေါ့နေတယ်ထင်ရင် ကုန်တဲ့အထိ စားနေစရာမလို ဘေးသာဖယ်ထားလိုက်။နောက်ထပ်တစ်လုံးပြီးတစ်လုံး အဆက်မပြတ်လာချပေးတယ်။ ထပ်မှာနေစရာမလို။ ဒူးရင်းသီး
ချပေးသူ၊ ဒူးရင်းခွံသိမ်းသူ၊ ဒူးရင်းစေ့ထည့်ခွက် သိမ်းသူနဲ့ လိုလေသေးမရှိ တဲ့ တကယ်ထူးခြားတဲ့အလှူကြီးပါ။ အားမနာစတမ်း အဝကိုကျွေးတာ။ ဒူးရင်းခွံသယ်ဖို့ ကားသုံးစီးကလည်းအဆင်သင့်။ ကရင်​ပြည်​နယ်​ က ဒူးရင်းသီး အလှူအများနဲ့မတူ ထူးခြားတဲ့ အလှူ ကြီးဖြစ်​​ပါ​တယ်။



Follow us on