1. Home
  2. Good Morning Myanmar

ပြည်တွင်းလက်လီဈေးကွက်မှာရော မူဆယ်ဘက်မှာပါ ဆန်အရောင်း အ၀ယ်အေးနေ

Good Morning Myanmar มิ.ย. 06, 2560 view 1,500

ပြည်တွင်းဆန်ဈေးကွက်မှာလည်း အရောင်းအ၀ယ်တွေအေးနေသလို မူဆယ်ဘက်ကို တင်ပို့မှုဟာလည်း အရင်နှစ်တွေကလောက်အရောင်းအ၀ယ်မသွက်ဘူးလို့ ၀ါးတန်းလမ်းကုန်စည်ဒိုင်မှ ဆန်ကုန်သည်တွေကပြောပါတယ်။ ပြည်တွင်းဆန်ဈေးကွက်အနေနဲ့ လက်ရှိဟာကျောင်းဖွင့်ရာသီဖြစ်သလို မိုးတွင်းကာလဖြစ်လို့ ဆန်တွေရေရှည်အထားမခံမှာစိုးတဲ့အတွက် လက်လီဈေးကွက်တွေမှာ လိုသလောက်ဘဲဝယ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင်မူဆယ်ဈေးကွက်မှာလည်း မကြာခဏဖမ်းဆီးမှုတွေရှိနေတာကြောင့် မူဆယ် ဘက်ကို ဆန်တင်ပို့မှုကလည်းအရင်နှစ်တွေကဆိုရင် တစ်နေ့ကိုအိတ်ရေ(၄၀၀၀) ၀န်းကျင်လောက် ပို့ရပေမယ့် အခုဆိုရင် တစ်နေ့အိတ်ရေ(၂၀၀၀) ၀န်းကျင်လောက်သွားနေရတယ်လို့ ဆန်ကုန်သည် တွေက ပြောပါတယ်။

ဆန်ဈေးအနေနဲ့တော့လက်ရှိမှာ ဆန်ချောဈေးတစ်အိတ် ပျမ်းမျှကျပ်သုံးသောင်းဝန်းကျင်ကနေ လေးသောင်းငါးထောင်ဝန်းကျင်လောက်ရှိပြီး ဆန်ကြမ်းအနေနဲ့တော့တစ်အိပ်ပျမ်းမျှ ကျပ်နှစ်သောင်း ကျော်ဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်။လက်ရှိမှာတော့ ဆန်ကြမ်းဖြစ်တဲ့ ရက်(၉၀)နဲ့ အညာသားဆန် အမျိုးအစားတွေအ၀ယ်လိုက်နေတယ်လို့သိရပါတယ်။ ဒါ့အပြင်ဆန်ဝင်ရောက်မှုကလည်းပြီးခဲ့တဲ့ရက်က မုန်တိုင်းဝင်ရောက်ခဲ့လို့ ဆန်ကုန်စည်ဒိုင်ကို ဆန်ဝင်ရောက်မှုနည်းခဲ့ပြီး မုန်တိုင်းပြီးချိန်မှာတော့ ဆန်ပြန်ပြီးအ၀င်ပြန်လိုက်လာတယ်လို့သိရပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့တွင်း ဆန်ကုန်စည်ဒိုင်တွေဖြစ်တဲ့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်နဲ့ ၀ါးတန်းလမ်း ဆန်ကုန်စည်ဒိုင်တွေကို တစ်နေ့အိတ်ရေ ပျမ်းမျှငါးသောင်းလောက်ဝင်တယ်လို့ သိရပါတယ်။



Follow us on