1. Home
  2. Movie Stars - Celebrity

အပန်းဖြေခရီးကို ဗီယက်နမ်သွားမယ့် ချမ်းချမ်း

Movie Stars - Celebrity มิ.ย. 06, 2560 view 1,400

စတုတ္ထအခွေအတွက် ပြင်ဆင်နေတဲ့ အဆိုတော်ချမ်းချမ်းဟာ အခွေမှာ သီချင်း ၁၀ ပုဒ် ပါဝင်မှာ ဖြစ်ပြီး IC နဲ့တီးထားပါတယ် အကြိုက်ဆုံးသီချင်းတွေကို ရွေးထားပြီး တေးရေးဆရာတွေလဲ အကုန်လုံး အသစ်တွေကြီးပဲလို့ ပြောထားပါတယ်။ အခွေအတွက် ပြင်ဆင်နေရင်းနဲ့ ပဲ မိသားစု အပန်းဖြေခရီးထွက်ဖို့ ရှိသေးတယ်လို့ ပြောထားပါတယ်။

 

ဗီယက်နမ် ခရီးနဲ့ ပတ်သတ်ပြီး “ရက်တော့မသေချာသေးဘူး သုံးညအိပ်လေးရက်ခရီးဖြစ်မှာပါ ။အရမ်းသွားချင်နေတဲ့ နေရာ ဒီရာသီနဲ့ လဲ လိုက်ပြီး တကယ့်ကျောက်ဂူတွေ ၊ ကမ်းခြေတွေ တအားလှတယ်လေ ။ တကယ် Antique ဘုရားတွေလဲ ရှိတယ် ။စိတ်ဝင်စားတဲ့ ရှေးဟောင်းဂူကြီးတွေလည်းရှိတယ် သဘာဝ က တအားလှပြီး ကိုယ်တွေဆီက ပုဂံလိုလဲ လှတဲ့ နေရာတွေ ရှိတာကြောင့် ရွေးဖြစ်သွားတာ” လို့ ပြောထားပါတယ် ။

လက်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ ရန်ကုန်နယ် အချို့တွေမှာ ဖျော်ဖြေရေးတွေ ရှိပြီး အမေရိကမှာ ရှိုးပဲ ၁၁ ပွဲ လက်ခံထားပါတယ်လို့ သိရပါတယ်။ တစ်ဦးတည်းသော သမီးလေးကို သာ အကောင်းဆုံးပျိုးထောင်မည်ဖြစ်ပြီး နောက်ထပ်ရင်သွေး ယူဖြစ်မှာတော့ မဟုတ်သေးဘူးလို့ ပြောသွားခဲ့ ပါတယ် ။



Follow us on