1. Home
  2. Special or Others

မလေးရှားမှာ အိတ်လုခံလိုက်ရတဲ့ ဟောင်ကောင်သရုပ်ဆောင်

Special or Others มิ.ย. 06, 2560 view 1,526

ဟောင်ကောင်သရုပ်ဆောင် Grace Lam Nga-Si ဟာ မလေးရှားကို ရောက်ရှိနေစဉ် Bentong လမ်းမှာ live လွှင့်နေတုန်း အလစ်သုတ်သမားတစ်ယောက်က သူ့ရဲ့အိတ်ကိုဆွဲလုသွားခဲ့ပါတယ်။ ကြည့်ရှုနေကြသူတွေဟာလည်း သရုပ်ဆောင်ရဲ့ လက်ကိုင်အိတ် အလုခံလိုက်ရလို့ လန့်သွားခဲ့ကြပါတယ်။

ဒါပေမယ့် သူ့ရဲ့မန်နေဂျာနဲ့ ပြည်တွင်းက မိတ်ဆွေတွေက သူခိုးကို ကူပြီးဖမ်းပေးကြလို့ ပစ္စည်းတွေ ပြန်လည်ရရှိခဲ့တယ်လို့ Grace က ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။ နောက်နေ့မှာတော့ သရုပ်ဆောင် Grace က ဒီအဖြစ်အပျက်ဟာ ရိုက်ကူးရေးတစ်ခုသာဖြစ်တယ်လို့လည်း facebook ပေါ်မှာ ပြန်လည်ရှင်းပြခဲ့ပြန်ပါတယ်။

“စိတ်ပူပေးကြတဲ့လူတွေကို ကျေးဇူးတင်ပါတယ်။ မနေ့က မလေးရှားမှာဖြစ်ခဲ့တာက နားလည်မှုလွဲသွားတာပါ။ ဒီဖြစ်ရပ်အတွက် စိတ်မကောင်းပါဘူး။ တကယ်လို့ မှားယွင်းခဲ့မိတာရှိရင် တောင်းပန်ပါတယ်” လို့ သူက ရေးသားထားပါသေးတယ်။

အင်တာနက်ပေါ်ကဝေဖန်သူတွေကတော့ စိတ်ဆိုးနေကြပြီး ဒါဟာ မလေးရှားရဲ့ ဂုဏ်သတင်းကို ထိခိုက်စေပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဒရမ်မာဖန်တီးခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။ Sinchew သတင်းတွေအရလည်း ရဲတွေက Grace ရဲ့ ဖြေရှင်းချက်ကို အလိုရှိနေပြီး နောက်ပိုင်းမှာ သူ့ကို နိုင်ငံဝင်ခွင့်ပိတ်ပင်မှုတွေ ဖြစ်လာနိုင်ပါတယ်။

Grace ရဲ့ Facebook အကောင့်ဟာ ဒီကိစ္စဖြစ်ကတည်းက ပယ်ဖျက်ထားပါတယ်။



Follow us on