1. Home
  2. Good Morning Myanmar

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်း ပါဝင်ကြဖို့

Good Morning Myanmar มิ.ย. 06, 2560 view 1,387

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူတွေအနေနဲ့ ယခုထက်ပိုမိုပူးပေါင်း ပါဝင်ကျဖို့ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဇွန်လ၅ရက်က နေပြည်တော် မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားမှာ ဖြေကြားခဲ့တာဖြစ်ပြီး အဲဒီအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်အပါအ၀င် ဒုတိယသမ္မတတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ရာသီဥတုပြောင်းလဲမှုကိုထိခိုက်လွယ်တဲ့နိုင်ငံဖြစ်လို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်ဖို့လိုအပ်တာဖြစ်ပြီး လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာဖို့လည်း လိုအပ်တယ်လို့ဆိုပါတယ်။ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကဏ္ဍအသီးသီးက လုပ်ဆောင်ချက်တွေပါဝင်တဲ့ မြန်မာနိုင်ငံအတွက် ရာသီဥတုပြောင်းလဲမူဆိုင်ရာ မူဝါဒအပြီးသတ်မူဝါဒနဲ့ လုပ်ငန်းအစီအစဉ် ကိုလည်း ရေးဆွဲပြီးဖြစ်ကာ ၀န်ကြီးဌာနတွေ၊ ပုဂ်္ဂလိကအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင် နေတယ်လို့ သိရပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ အဓိကလုပ်ဆောင်နေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးဥပဒေတို့ကို ၂၀၁၂ ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။



Follow us on