1. Home
  2. Movie Stars - Celebrity

နေအိမ်မှာမေ့မြောနေလို့ ဆေးရုံတင်လိုက်ရတဲ့ TOP

Movie Stars - Celebrity มิ.ย. 06, 2560 view 1,469

June 6 ရက်​မနက်​မှာ BIGBANG TOP ကို ​နေအိမ်​မှာ​မေ့​မြော​နေတာ ​တွေ့တဲ့အတွက်​ ​ဆေးရုံတင်​လိုက်​ရပါတယ်​။

အခု​တော့ အ​ရေး​ပေါ်ဌာနက​နေ အထူးကြပ်​မတ်​ကုသ​ဆောင်​ (ICU) ကို ​ပြောင်း​ရွှေ့ထားပါတယ်​။ ​ဆေးစစ်​ချက်​အ​ဖြေ​တွေမထွက်​​သေး​ပေမယ့်​ ဒီရက်​ပိုင်း အ​ခြေ​အ​နေများအရ စိတ်​ဖိစီးမှု အလွန်​အကျွံခံစား​နေရပြီး အိပ်​​ဆေးကို သတ်​မှတ်​ထားတဲ့ ပမာဏထက်​ လွန်​​အောင်​သောက်​လိုက်​တယ်​လို့ ယူဆရပါတယ်​လို့ ပြောထားပါတယ် ။

အခုအချိန်​ထိ သတိပြန်​မရလာ​သေးပဲ မိသားစုနဲ့ နီးစပ်​သူ​တွေ ​ဆေးရုံမှာ​စောင့်​စား​နေကြပါတယ်​။

TOP ဟာ ​ ၂၀၁၆ေ​အာက်တိုဘာတုန်းက ​​ဆေး​ခြောက်​ရှူတယ်​ဆိုတဲ့ စွပ်​စွဲချက်​​ကြောင့်​ စစ်​မှုထမ်းတဲ့ တာဝန်​က​နေ ​ခေတ္တရပ်​စဲထားခံရသူလဲ ဖြစ်ပါတယ် ။

Credit:YG family Myanmar 



Follow us on