1. Home
  2. Myanmar News

YBS ယာဉ်နောက်လိုက်ကို လူ ၅ ဦးဓါးဖြင့်ဝိုင်းခုတ်မှု သာကေတတွင်ဖြစ်ပွား

Myanmar News มิ.ย. 07, 2560 view 1,445
ဇွန်လ ၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် YBS ယာဉ်လိုင်း အမှတ် ၃၁ က သန်လျှင်ကိုမောင်းနှင်လာစဉ် ရှုခင်းသာပန်းခြံအနီးတွင် အမျိုးသမီးနှစ်ဦးက ကားတားစီးခဲ့ရာ မှတ်တိုင်မဟုတ်သည့်အတွက် မရပ်ပေးခဲ့သဖြင့် အဆိုပါအမျိုးသမီးများအနီးတွင် ရပ်ထားသော လိုက်ထရပ်ကားပေါ်မှ အမျိုးသား ၂ ဦးဆင်းလာကာ YBS ယာဉ်ကို ပုလင်းနဲ့ပေါက်ခြင်း၊ လေးဂွနှင့် ပစ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ 
 
YBS ယာဉ်ဆက်လက်မောင်းနှင်လာပြီး သာကေတ၊ ၅ ကွေ့မှတ်တိုင်အရောက် လူအတင်အချ ပြုလုပ်နေစဉ် လိုက်ထရပ်ယာဉ်က နောက်မှလိုက်လာပြီး ကားပေါ်မှ အမျိုးသား ၈ ဦး ဆင်းလာခဲ့ပြီဂနောက် အမျိုးသား ၅ ဦးက YBS ယာဉ်နောက်လိုက်ကို ကာပေါ်တက်ကာ ဓါးနဲ့ခုတ် သံတုတ်နှင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။ 
ဓါးနှင့်ခုတ် သံတုတ်နှင့် အရိုက်ခံခဲ့ရမှုကြောင့် YBS ယာဉ်နောက်လိုက်မှာ ဦးခေါင်းနှင့် မျက်ခုံးတို့တွင် ပြတ်ရှဒဏ်ရာ (၁)ချက်စီ၊ လက်မောင်းတွင် ပြတ်ရှဒဏ်ရာများ၊ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရန်ကုန်ဆေးရုံးကြီးကို အတွင်းလူနာအဖြစ် ပိုဆောင်ခဲ့ရကြောင်း သိရှိရသည်။
 
အဆိုပါ လိုက်ထရပ်ယာဉ်နံပါတ်နှင့်တစ်ကွ လိုက်လံစုံစမ်းခဲ့ရာ လိပ်စာလွဲမှားနေသဖြင့် က.ည.န သို့ ဆက်သွယ်ကာ ဆက်လက်စုံစမ်းမှုများ ပြုလုပ်နေကြောင်း သာကေတမြို့မရဲစခန်းမှ သိရှိရသည်။
 
လိုက်ထရပ်ယာဉ်က ကြားကားဆွဲရာမှ YBS ယာဉ်နဲ့ ယာဉ်ကြောလုမောင်းရင်း ဖြစ်ကြသည်ဟု ပြောဆိုနေကြသော်လည်း အဖြစ်မှန်ကို ဆက်လက်စုံစမ်းနေပြီး ကားတားစီးသည့် အမျိုးသမီး နှစ်ဦးနှင့် လိုက်ထရပ်ယာဉ်ပေါ်မှ ဝိုင်းဝန်းရိုက်နှက်ခဲ့သော အမျိုးသားများနှင့် ပက်သက်ဆက်နွယ်မှုကိုလည်း မသိရှိရသေးပဲ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၈ ဦးကို အမှုဖွင့်ကာ ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
 
7DayDaily
 
 


Follow us on