1. Home
  2. Movie Stars - Celebrity

လူတွေပြောနေကြတဲ့ မေသန်းနု လက်ထက်လိုက်ပြီ ဆိုတဲ့ သတင်း မေသန်းနု ဖြေရှင်း

Movie Stars - Celebrity มิ.ย. 07, 2560 view 2,278

ထပ်ဆင့်အကယ်ဒမီ မေသန်းနုဟာ ဇွန်လ ၄ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ Relationship ကို Got Married လို့ တင်လိုက်တာကြောင့်ပရိသတ်တွေအံ့သြခဲ့သလို နောက်ပိုင်းမှာတော့ အဆိုပါကိစ္စရပ်ကို မေသန်းနုက ရှင်းလင်းခဲ့ပါတယ်။

“မဆင့် Facebook ကိုအချိန်ပြည့်မသုံးပါဘူး။အနုပညာလှုပ်ရှားမှုတွေအတွက် ပရိသတ်သိအောင်ပဲ Facebook သုံးပါတယ်၊ဒီသတင်း Facebook မှာ ပေါ်လာမှပဲသိတယ်။ဒီလိုအကြောင်းမျိုးဖြစ်လာစရာမရှိပါဘူး။သားတောင် ၁၉နှစ်ရှိပြီ။မဆင့်ရဲ့အိမ်ထောင်ရေးအကြောင်းကိုပရိသတ်လည်းအားလုံးသိပြီးသားပါ။ဒီသတင်းကိုကြားရတဲ့အခါမှာဘာမှတုန်လှုပ်မှုမဖြစ်ပါဘူး။အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက်ကောလဟလတွေကတော့အမြဲရင်ဆိုင်နေရပါတယ်။မဆင့်အသက်အရွယ်အရလည်း ဒီလိုအဖြစ်အပျက်မျိုးဖြစ်လာစရာမရှိပါဘူး။မဆင့်အိမ်ထောင်ရေး တရားဝင်ကွာရှင်းခဲ့တာ ၃နှစ်ခွဲကျော်ပါပြီ။ အိမ်ထောင်ရေးဇာတ်လမ်းတွေသရုပ်ဆောင်ရတဲ့အခါကိုယ့်ရဲ့အဖြစ်အပျက်နဲ့တိုက်ဆိုင်တဲ့ဇာတ်လမ်းမျိုးဆိုရင် သရုပ်ဆောင်ရတာ ပိုပြီးပိုင်ပိုင်နိုင်နိုင်ရှိပါတယ်” လို့ မေသန်းနုက Eleven Media Group ကို ပြောကြားခဲ့တာပါ။

မေသန်းနုဟာ သူမရဲ့ အကောင့်ကနေ “Got married” ဆိုတဲ့ relationship status ကိုတင်ခဲ့လို့ ပရိသတ်တွေကြားမှာတော့ တကယ်ပဲ အိမ်ထောင်ပြုလိုက် တာလား ပရိသတ်တွေကို ကျီစယ်တာလားဆိုတဲ့ မေးခွန်းတွေမေးနေကြပြီး အချို့ကလည်း ဘယ်သူနဲ့လည်းဆိုတာကို သိချင်ခဲ့ကြသလို သတင်းတွေလည်း လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။



Follow us on