
အနုပညာအလုပ်နဲ့ စီးပွားရေးအလုပ်နှစ်ခုကို ဒွန်တွဲလုပ်နေတဲ့ သရုပ်ဆောင် မေကဗျာက မင်းသမီးအလုပ်ကို ၀ါသနာမပါဘဲ အနုပညာလောကထဲရောက်လာပေမယ့် ကြိုးစားသရုပ်ဆောင်မှုကြောင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။
မေကဗျာ တကယ်တမ်းဝါသနာပါတာက အက ဖြစ်ပြီး လုပ်ချင်တာကတော့ ကျောင်းဆရာမ ဖြစ်တယ်လို့ Trend နဲ့အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ အလုပ်ကို တန်ဖိုးထားကြိုးစားပြီးလုပ်တတ်တဲ့ မေကဗျာက လက်ရှိမှာ ကားရိုက်တွေ ကျဲသွားပြီး စီးပွားရေးဘက်ကို ဇောင်းပေးလုပ်ဖြစ်နေတယ်လို့ ပြောပါတယ်။

သမီးလေးနဲ့နှစ်ယောက်တည်း ဘ၀ကိုဖြတ်သန်းနေတဲ့ မေကဗျာက အိမ်ထောင်ရေးကံက ဘယ်လိုရှိမလဲ မသိသေးတော့ စကားကုန်ပြောလို့မရသေးပေမယ့် သူများကိုအားကိုးချင်စိတ် သိပ်မရှိဘူးလို့လည်းဆိုပါတယ်။
မေကဗျာက ကွန်ပြူတာပန်းထိုးစက်ရုံလုပ်ထားပြီး အွန်လိုင်းမှာလည်း အထည်တွေရောင်းဖြစ်သလို သီချင်းလည်းဆိုဖြစ်တယ်လို့ ပြောပါတယ်။ သူ့ရဲ့စီးပွားရေးခြေလှမ်းတွေကိုလည်း အားပေးကြပါဦးလို့ မေကဗျာကပြောပါတယ်။
.jpg)
Source : Trend , Myanmar Live
comment