1. Home
  2. Special or Others

ကလေးကို အမှိုက်လိုစွန့်ပစ်ခဲ့တဲ့ နှလုံးသားမဲ့ မိခင်

Special or Others มิ.ย. 07, 2560 view 1,581
လေးဘက်သွားအရွယ် ကလေးလေးတစ်ဦးကို ကားပါကင်တစ်နေရာမှာ အမျိုးသမီးတစ်ဦး လာရာက်စွန့်ပစ်ခဲ့တဲ့ ဗီဒီယိုဟာ ကြည်ရှုမိသူတိုင်းရဲ့ ရင်ကိုထိခိုက်ကြေကွဲစေပြီး လူသားမဆန်၊ မိခင်မပိသတဲ့ နှလုံးသားမဲ့ အမျိုးသမီးတစ်ဦးရဲ့ လုပ်ရပ် စီစီတီဗီ ဗီဒီယိုက လူမှုကွန်ယက်ပေါ်မှာ ဂယက်အထဆုံး ဗီဒီယိုတစ်ခုဖြစ်လို့နေပါတယ်။ 
 
 
တရုပ်နိုင်ငံ ဂွီကျိုးပြည်နယ်၊ ဂွီယောင်းမြို့က ကားပါကင်တစ်ခုမှာ ကလေးချီလာတဲ့ အမျိုးသမီးတစ်ဦးက လူသူလေးပါးရှင်း, မရှင်း အရိပ်အခြေကြည့်ပြီးနောက် ကလေးကို ကားလမ်းဘေး တိုင်ကွယ်လေးတစ်ခုမှ ချထားပြီး ထွက်သွားခဲ့ပါတယ်။ ဘုမသိဘမသိ ကလေးငယ်လေးကတော့ သူ့မိခင်ပြန်လာနိုးနဲ့ ထိုင်ရက်လေး မျှော်နေတဲ့ မြင်ကွင်းက ရင်နင့်စေပါတယ်။
 
 
 
ကားပါကင်ဖြစ်တာကြောင့် ကားတွေ၊ ဆိုင်ကယ်တွေကလည်း သူ့အနားက ဖြတ်သွားနေတာကို ကြည့်ရတာ အသည်းယားဖို့ ကောင်းလှပါတယ်။ နောက်ဆုံးမှာတော့ ကားပါကင်ဝန်ထမ်း အမျိုးသမီးတစ်ဦးက ကလေးငိုသံကြားမိပြီး သွားကြည့်ရာမှ ကလေးကို စွန့်ပစ်ထားခဲ့ကြောင်း သိရှိခဲ့သည်။ ကလေးကို သက်ဆိုင်ရာရဲစခန်းကို အပ်နှံခဲ့ပြီး အာဏာပိုင်များက မိခင်ဖြစ်သူကို ရှာဖွေလျှက်ရှိကြောင်း သိရှိရသည်။
 
 


Follow us on