1. Home
  2. Movie Stars - Celebrity

ဇွန်လ ၁၇ ရက်မှာထွက်မယ့် မိစန္ဒီရဲ့ အသည်းလေး

Movie Stars - Celebrity มิ.ย. 07, 2560 view 1,716

အဆိုတော် မိစန္ဒီက သူ့ရဲ့သီချင်းခွေသစ် “အသည်းလေး” ကို ဇွန်လ ၁၇ ရက်မှာ ဖြန့်ချိတော့မှာဖြစ်ပါတယ်။

ဒီအခွေမှာတော့ နီနီခင်ဇော် ၊ Bobby Soxer ၊ X Box ၊ G Fatt နဲ့ သားသားတို့က ပါဝင်သီဆိုပေးထားပါတယ်။

အခွေထွက်တဲ့ ဇွန်လ ၁၇ ရက်မှာ လှည်းတန်းစင်တာမှာ ပရိုမိုးရှင်း ပြုလုပ်မှာဖြစ်ပြီး Audio CD ပဲ အရင်ထွက်ရှိဦးမှာ ဖြစ်ပါတယ်။

လှည်းတန်းစင်တာမှာ နေ့လည် ၃ နာရီကနေ ၆ နာရီအထိ ပရိုမိုးရှင်းပွဲလာသူတိုင်းကို လက်ဆောင်ပေးသွားမှာ ဖြစ်တဲ့အပြင် ပျော်ရွှင်စရာအစီအစဉ်တွေလဲ စီစဉ်ထားတယ်လို့ သိရပါတယ်။

Source : မိစန္ဒီဖေ့စ်ဘွတ်



Follow us on