1. Home
  2. Movie Stars - Celebrity

အနုပညာကြေးကို အကြွေးတောင်းသလို တောင်းနေရလို့ စိတ်မကောင်းဖြစ်နေတဲ့ သက်မွန်မြင့်

Movie Stars - Celebrity มิ.ย. 07, 2560 view 1,588

မင်းသမီး သက်မွန်မြင့်ကတော့ သူ့ရဲ့အနုပညာကြေးကို အကြွေးတောင်းသလို တောင်းနေရတဲ့အတွက် စိတ်မကောင်းဖြစ်နေပါတယ်။

“အင်း ကိုယ့်ရဲ့အနုပညာကြေးလေးကို အကြွေးတောင်းသလို လိုက်တောင်းရတဲ့အခါ တခါမှ အဲ့လိုမပြောရမတောင်းရဖူးတော့လေ သိမ်ငယ်လာသလို ခံစားရတယ်ကွယ် ရိုက်ပြီးတာ တပတ်ရှိပြီဆိုတော့လေ လိုချင်မိတာပဲ ကိုယ်မှားများနေလားမသိ မသိတော့ပါဘူးကွယ် ကတိတွေဆိုတာလည်း ယုံရတာမဟုတ်မှန်း သိပါပြီကွယ်” လို့ သက်မွန်မြင့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

သက်မွန်နဲ့အတူ သူ့ပရိသတ်တွေကလည်း သူ့အတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။ သက်မွန်မြင့်ဟာ လက်ရှိမှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ဦးဖြစ်သလို ကိုယ်ပိုင်စီးပွားရေးအဖြစ် ကလေးပစ္စည်းဆိုင်တစ်ဆိုင်လည်း ဖွင့်လှစ်ထားပါတယ်။

Source : သက်မွန်မြင့်ဖေ့စ်ဘွတ်



Follow us on