1. Home
  2. Special or Others

မီးလောင်နေတဲ့ ၅ ထပ်တိုက်ပေါ်မှ ကလေးတွေကို ပစ်ချခဲ့တဲ့ဖခင်

Special or Others มิ.ย. 07, 2560 view 1,802
ရုရှားနိုင်ငံ မော်စကိုမြို့တစ်နေရာရှိ မီးလောင်နေတဲ့ လူနေတိုက်ခန်း ၅ လွှာမှ အသက် (၅) နှစ်အရွယ်နှင့် (၁၁) လသား ကလေးငယ်နှစ်ဦးကို ရွေးချယ်စရာလမ်းမရှိတော့ပဲ တိုက်ခန်း ပြတင်းပေါက်မှာ အောက်ဖက်သို့ ဖခင်ဖြစ်သူက လွှင့်ပစ်ချခဲ့ပါတယ်။
 
 
တိုက်ခန်းအတွင်း မီးစတင်လောင်ကျွမ်းရာမှ မီးတောက်ကြီးလာပြီး မီးခိုးများ တစ်အိမ်လုံး ပြည့်နှက်နေသဖြင့် အဆိုပါ မိသားစုမှာ အသက်ရှင်ရန်အခြေအနေ နည်းပါးလာခဲ့သည်။ အသက် (၁၁)လသားအရွယ် ကလေးငယ်လေးမှာလည်း နှလုံးရောဂါရှိသည့်အတွက် မီးခိုးမွှန်ပြီး အသက်ရှုကျပ်လာနေသည်။ ထိုအချိန်တွင် ဖခင်ဖြစ်သူက သားသမီးနှစ်ဦးကို ပြတင်းပေါက်မှ အောက်ဖက်လမ်းမသို့ ပြစ်ချရန် ရဲရင့်စွာဆုံးဖြတ်ခဲ့သည်။
 
 
လမ်းမပေါ်တွင် အိမ်နီးချင်းများက စောင်များ၊ ကူရှင်များနှင့် အောက်ကခံပေးထားသော်လည်း အခန့်မသင့်ရင် လွဲချော်သွားနိုင်ကာ အသက်အန္တရာယ်လည်း ရှိနိုင်ပါတယ်၊ ဒါပေမယ့် လုံးဝ ရွေးစရာမရှိတော့တဲ့ အခြေအနေမှာ ကလေးနှစ်ဦးကို ဖခင်ဖြစ်သူက ပြတင်းပေါက်မှ လွှတ်ပစ်ချခဲ့သည်။ အောက်က လူများက ပစ်မချနဲ့၊ ပစ်မချနဲ့လို့ တစ်ဆာဆာ အော်ပြောနေသည့်တိုင် ရဲဝံ့စွာဖြင့် ဆုံးဖြတ်နိုင်ခဲ့သည်။
 
 
ကလေးများကို အောက်သို့ ပစ်ချပြီးနောက် သူတို့လင်မယားကိုယ်တိုင်လည်း တိုက်ပေါ်မှ ခုန်ချခဲ့သည်။ ကံကောင်းသည်ဟု ဆိုရပေမည် နောက်ဆုံးမှာတော့ မိသားစုအားလုံး ဘေးကင်းစွာဖြင့် အသက်အန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့သည်။
 
အဆိုပါ ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး စိုးရိမ်သောက ပူပန်မှုများကြားက စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည့် ဖခင်ကို ဝိုင်းဝန်းချီးကျူးပြောဆိုခဲ့ကြသည်။
 


Follow us on