1. Home
  2. Special or Others

ကတ္တရာလမ်းပေါ်သွားမယ့် လျှပ်ပြေးရထား တရုပ်နိုင်ငံတွင် စတင်မိတ်ဆက်

Special or Others มิ.ย. 07, 2560 view 1,768
ရထားကဲ့သို့ တွဲများပါရှိပေမယ့် သံလမ်းပေါ်မှာ ခုတ်မောင်းမှာ မဟုတ်ပဲ ကတ္တရာလမ်းမပေါ်မှာ အာရုံခံလမ်းကြောင်းကို အသုံးပြုကာ ပြေးဆွဲမည့် ရထားတစ်ဝက် ကားတစ်ဝက် ဘတ်စ်ကားကို တရုပ်နိုင်ငံတွင် စတင် မိတ်ဆက်ပွဲထုတ်ခဲ့ပါတယ်။
 
 
 
The Autonomous Rail Trainsit (ART) လို့ အမည်ပေးထားတဲ့ ယာဉ်က ရထားပုံစံဖြစ်ပြီး ကတ္တရာလမ်းပေါ်မှာ ရေးဆွဲထားတဲ့ မျဉ်းများအတိုင်း မောင်းနှင်သွားလာမယ့် ဘတ်စ်ကားတစ်စီး ဖြစ်လာမှာဖြစ်ပါတယ်။ ART ကို ၂၀၁၃ ခုနှစ်လောက်က စတင်ပြီး CRRC က နည်းပညာမြှင့်တင်မှုတွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တရုပ်နိုင်ငံရဲ့ လူစည်ကားရာမြို့ကြီးတွေမှာ ပြေးဆွဲမှာဖြစ်ပြီး ပြည်သူတွေ ခရီးသွားစရိတ် ကုန်ကျမှုသက်သာစေရန်လည်း ရည်ရွယ်ထားပါတယ်။ 
 
 
 
 
ART ဟာ ဘတ်ထရီစနစ်နဲ့ မောင်းနှင်မှာဖြစ်ပြီး လူပေါင်း ၃၀၇ ဦးကို တင်ဆောင်ကာ တစ်နာရီကို ၇၀ ကီလိုမီတာအမြန်နှုန်းဖြင့် ပြေးဆွဲနိုင်ပါတယ်။ ART ပြေးဆွဲရန် လမ်းကြောင်းကို Zhuzho မြို့မှာ ၆.၅ ကီလိုမီတာအထိ ရေးဆွဲထားပြီးဖြစ်ကာ နောက်နှစ်မှာ စတင်ပြေးဆွဲမှာဖြစ်ပါတယ်။
 
 
 


Follow us on