1. Home
  2. Myanmar News

စခန်းမှူးနှင့် နယ်ထိန်းအဖွဲ့၏ ရိုက်နှက်စစ်ဆေးမှု ဗီဒီယိုဖိုင် လူမှုကွန်ယက်တွင်ပျံ့နှံ့

Myanmar News มิ.ย. 08, 2560 view 1,797
ခိုးမှုတစ်ခုအတွက် တရားခံကို စစ်ဆေးရာတွင် ခိုးယူခဲ့မိကြောင်း ဝန်ခံဖြောင့်ချက်ပေးခဲ့သော်လည်း ကျူးလွန်ခဲ့ခြင်းမရှိသော အခြားခိုးမှုများကိုပါ အင်းမစခန်းမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်အချို့က ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ပြည်သတင်းတစ်ရပ်တွင် ပြည့်သဲမောင် ဆိုသူက ဗီဒီယိုအထောက်အထားနှင့်တစ်ကွ ရေးသားဖော်ပြခဲ့ပြီး အဆိုပါ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်တွင် ကြည့်ရှုကြသူများက ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများအပေါ် ဝေဖန်မှုများ  ပြင်းထန်ခဲ့သည်။ 
 
ဇွန်လ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် တင်ခဲ့သော အဆိုပါသတင်းနှင့် ပက်သက်၍ ဖြစ်ပေါ်လာမည့်ကိစ္စများကို  ပြည့်သဲမောင် ဆိုသူက ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ရဲဝံ့စွာကြေညာထားခဲ့ပြီး ဥပဒေအတိုင်း အမှန်အကန်ဖြစ်စေရန် ရည်ရွယ်၍ တင်ပြခဲ့ခြင်းဖြစ်သည်ဟု အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။
 
 
ဘာမှမပြောတော့ဘူး။ အများသိအောင်တင်ပေးတာ
နားလည်သူတွေပဲ ဝေဖန်ကြပါ ...
ပြစ်မှုကျုးလွန်သူက သူခိုးခဲ့တဲ့အတွက် ခိုးခဲ့ကြောင်း ဝန်ခံထားသော်လည်း သူမခိုးတဲ့အခြားအမှုမှအပြစ်များကို အင်းမစခန်းမှူးနှင့်နယ်ထိန်းအဖွဲ့ကတပ်ဖွဲ့ဝင် များ ရိုက်နှက်ကာဝန်ခံခိုင်းခဲ့ကြောင်း။
 
ထို့အပြင် အမှုနှင့်မဆိုင်မပတ်သက်သော သူ၏ သူငယ်ချင်းတွေကိုပါဖမ်းဆီးရိုက်နှက်စစ်ဆေးပြီး 
ပြန်လွှတ်ပေးခဲ့သဖြင့်ခံရသူလူငယ်များ၏မိဘများမှ မကြေနပ်သဖြင့်အဆင့်ဆင့်ရှိလူကြီးများထံ တိုင်ကြားထားကြောင်း။
တိုင်စာနှင့်စစ်ဆေးစဉ်ရိုက်နှက်နေသည့်ရုပ်သံဖိုင်အား အမှန်တရားပေါ်ပေါက်ရန်နှင့်အထက်လူကြီးများသိရှိစေရန်တင်ပြခြင်းဖြစ်ကြောင်း။
 
ခိုးတဲ့သူကို ခိုးတဲ့အတိုင်းဥပဒေအရအပြစ်ပေး အရေးယူ ထောင်ချသင့်ပြီး မခိုးဘဲခေါ်ယူစစ်ဆေးရိုက်နှပ်ခံထားရသူများအတွက်လဲ အမှန်အတိတိကျကျစစ်ဆေးအရေးယူ
ပေးပါရန် ထပ်မံအသိပေးတင်ပြလိုက်ရပါကြောင်း။
 
မှတ်ချက်။ ။ဖော်ပြပါအကြောင်းအရာ Post နှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့်ကိစ္စအဝဝအား ကျွန်တော်ပြည့်သဲမောင်မှ ရင်ဆိုင်ဖြေရှင်သွားပါမည်။
 
ပြည့်သဲမောင်(ပြည်)09-423671883
ပြည်သတင်း
ZN.H
 
 


Follow us on