1. Home
  2. Myanmar News

ဦးဝီရသူလုပ်ကိုင်ပြောဆိုမှုများ ဓမ္မလား၊ အဓမ္မလားခွဲခြားကြေညာပေးရန် လက်မှတ်ကောက်ခံ

Myanmar News มิ.ย. 08, 2560 view 1,529

အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီမှပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲကို (၈.၆.၂၀၁၇) ယနေ့တွင် ရန်ကုန်မြို့တော် ခန်းမရှေ့တွင် နေ့လည် ၁၂ နာရီ မှ ညနေ ၅ နာရီထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ
အစီအစဉ် တွင် ကိုမင်းသွေးသစ် ။ မသက်သက်အောင်၊ မောင်ဆောင်းခ။ ကိုသက်ဆွေဝင်း။ ကိုမြတ်ကျော် တို့၏ သဘောထားအမြင်များကို ပြောကြားသွားမည်လို့သိရသည်။

ကောက်ခံရရှိသည့် လက်မှတ်များကို ဓမ္မနှင့် အဓမ္မခွဲခြား၍ ဇွန်လ ၁၅ ရက်တွင် ကြေညာမည် ဟု ၎င်းက ပြောသည်။ ရရှိသော လက်မှတ်များကို နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်များထံ ထပ်မံတင်ပြပြီး သာသနာရေးဝန်ကြီးဌာနသို့တင်ပြမည် ဖြစ်သည်။



Follow us on