1. Home
  2. Movie Stars - Celebrity

ဝေဖန်မှုတွေကို ရိုးရိုလေး ပြန်ရှင်းလိုက်တဲ့ အိချောပို

Movie Stars - Celebrity มิ.ย. 08, 2560 view 1,596

ရုပ်၇ှင်ရိုက်ကွင်းတခုရဲ့ အင်ဂျင်နီယာ ကာရိုက်တာမှာ  Safety helmet နဲ့ ဆကပ် ၊ဒေါက်ချွန် နဲ့ ဘယ်လို မှ မလိုက်ဖက်ဘူးဆိုပြီး ဝေဖန်မှု များစွာ ထါက်ပေါ်ခဲ့ တဲ့ အပေါ် အိချောပို က သူမရဲ့  အကောင့်မှာ သဘောတရားဆိုပြီး ပြန်လည် ဖြေရှင်းလိုက်ပါတယ် ။ “သဘောတရား --
ဘယ်နေရာ ဘယ်အလုပ်မှာမဆိုသဘောတရားဆိုတာရှိပါတယ်. ဒီနံပါတ်(၁) ပုံလေးမှာဆိုရင် safety helmet ဆောင်းထားပြီး ဆကပ်နဲ့ ဒေါက်ချွန် ဖိနပ်ဝတ်ထားလို့ဆိုပြီး သဘာဝမကျဘူးဆိုတဲ့ သဘောတရားတွေနဲ့ ဝေဖန်ပေးကြတယ်.
ကြည့်လိုက်ရင်တော့ အင်ဂျင်နီယာတစ်ယောက်ရဲ့ character နဲ့မညီဘူးလို့ပြောကြမယ်. မှန်ပါတယ် ဒါအင်ဂျင်နီယာတစ်ယောက်ရဲ့ သဘောတရားနဲ့အမြင်ပေါ့. ဒါပေမယ့် ရုပ်ရှင်မှာလည်းသဘောတရားဆိုတာရှိပါတယ်. ခုတင်ထားတဲ့ပုံက တကယ့်ဇာတ်လမ်းထဲမှာ အဲလိုပုံစံကြီးတိုင်းပါမှာလားဆိုတော့ ဘယ်ပါမှာလဲ. ဒါရိုက်တာက camera bound ကို burst လောက်ပဲဖြတ်ပြီးရိုက်ထားတာလေ.

သို့သော်ဘာကြောင့် ဒေါက်ချွန်ဝတ်လည်းဆိုတော့ တစ်ခါတစ်လေ ယှဉ်ရိုက်တဲ့ actor တွေအရပ်အမောင်းမတူရင် မြင့်သွားအောင် ခုံခုရိုက်တာတို့ အုတ်ခဲပေါ်မတ်တပ်ရပ်ရတာတို့ရှိတာပေါ့. အဲဒါတွေကို ရုပ်ရှင်ထဲမှာတော့ ဘယ်ထည့်ရိုက်မလဲ. ဖြတ်ရိုက်တာပေါ့. ခုလည်း ဒီလိုသဘောတရားပါပဲ.

နံပါတ်(၂) ပုံမှာဆိုရင် ရိုက်ကွင်းပုံပါပဲ. ဒါပေမယ့် အသံဖမ်းတဲ့ မိုက်တွေ မှန်ချပ်တွေပါနေတယ်. ဒါပေမယ့် ဒါကရုပ်ရှင်ထဲမှာ ပါမှာမဟုတ်ဘူးလေ. အဲဒါရုပ်ရှင်သဘောတရားပါ. ပြီးတော့ ခုရိုက်ကူးနေတဲ့ ဇာတ်လမ်းထဲမှာ အင်ဂျင်နီယာတစ်ယောက်အဖြစ်လည်း မဟုတ်ပါဘူး. သူ့ဇာတ်လမ်းနဲ့သူရှိပါတယ်ရှင်. နောက်ပြီး

နံပါတ်(၃) ပုံလေးကတော့ အင်ဂျင်နီယာ character မှာသရုပ်ဆောင်တဲ့အခါ ဒီလိုဝတ်ပြီး ရိုက်ပါတယ်ဆိုတဲ့သဘောတရားလေးပါရှင့်. နောက်ပြောချင်တာလေးက ဒါဆိုဘာကြောင့်ဒီလိုပုံကိုတင်သလဲလို့မေးလာပါလိမ့်မယ်. အဖြေကရှင်းပါတယ်. ပုံတင်ထဲကရိုက်ကွင်းပုံလို့ပြောထားတာပါ. ဇာတ်ကားထဲမှာဒီတိုင်းပါမယ်လို့ မပြောထားပါဘူးရှင်. အမှတ်တရအနေနဲ့တင်ထားတာပါ.

ဥပမာ- fighting ထိုးတဲ့အခန်းတွေမှာဆို တကယ်ထိသွားတဲ့ ပုံစံမျိုးနဲ့ camera လှည့်ကွက်တွေနဲ့ရိုက်ရတာပါ. အဲဒါကို သဘာဝမကျဘူးဆိုပြီး တကယ်ထိုးကြိတ်နေရင် သေကုန်မှာပေါ့. အဲဒါရုပ်ရှင်သဘောတရားပါပဲ... 
ဒါ့ကြောင့် ဘယ်အရာ ဘယ်လုပ်ငန်းခွင်မှာမဆို သဘောတရားလေးတွေရှိကြပါတယ်ရှင်. 
ကောင်းမွန်တဲ့ ဝေဖန်ခြင်းများအားလုံးအတွက် ကျေးဇူးတင်ပါတယ်ရှင်...” ဆိုပြီး ရေးသားခဲ့ ပါတယ် ။ 



Follow us on