1. Home
  2. Good Morning Myanmar

လှိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်

Good Morning Myanmar มิ.ย. 09, 2560 view 1,403

လှိုင်မြို့နယ်ရှိ ရပ်ကွက်(၁၆)ခုမှာ သွေးလွန်တုပ်ကွေးရောဂါထိန်းချုပ်ရေးအဖြစ် ခြင်ကျား လောက်လန်းနှိမ်နှင်းရေးတွေကို လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ မြို့နယ်တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မေလ(၃၁)ရက်ကစတင်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ လှိုင်မြို့နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါထိန်းချုပ်ရေးအဖြစ် ခြင်ကျားလောက် လန်းနှိမ်နှင်းရေးတွေလုပ်ဆောင်နေတာဖြစ်ပြီး ဖုံး၊သွန်၊လဲ၊စစ်စတဲ့ အသိပညာပေးတာတွေနဲ့ ခြင်ကျား လောက်လန်းနှိမ်နင်းတဲ့ အဘိတ်ဆေးတွေကို ရေဆယ်ဂါလန်ကို တစ်ဇွန်းနှုန်းနဲ့ ရေတိုင်ကီ၊စည်ပိုင်း၊ အုတ်ကန်တွေမှာ ခတ်ပေးနေတာဖြစ်ပါတယ်။

လတ်တလောဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့ သွေးလွန်တုပ်ကွေးရောဂါထိန်းချုပ်နိုင်ရေး အသိပညာပေးတဲ့နေရာမှာ ပြည်သူတွေပူးပေါင်းပါဝင်ဖို့လိုအပ်နေပြီး လိုက်နာဆောင်ရွက်ဖို့လည်း လိုအပ်နေတယ်လို့ သိရပါတယ်။လှိုင်မြို့နယ်မှာ ခြင်ကျားလောက်လန်းနှိမ်နှင်းရေးကို တစ်ရက် ရပ်ကွက်တစ်ခုနှုန်းနဲ့လုပ်ဆောင်ပေးနေတာဖြစ်ပြီး မေလ(၃၁)ရက်ကနေ ဇွန်လ(၇)ရက်အထိ ရပ်ကွက်(၈)ခုမှာသွေးလွန်တုပ်ကွေးရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းလုပ်ဆောင်ပြီး ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၇ ခုနှစ်၊ မေလအကုန်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူဦးရေ(၁၃၀၀)ကျော်ရှိပြီး သေဆုံးသူ(၈)ဦးအထိရှိခဲ့တာကြောင့် သွေးလွန်တုပ်ကွေး ရောဂါထိန်းချုပ်ရေးကို ရန်ကုန်တိုင်းဒေသကြီးမြို့နယ်(၄၄)မြို့နယ်မှာ အရေးပေါ်ကာလ အဖြစ်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ သာကေတမြို့နယ်စတဲ့ မြို့နယ်များမှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရပါတယ်။



Follow us on