1. Home
  2. Movie Stars - Celebrity

ဆံပင်ရှည် ညှပ်ရမှာ စိုးလို့ ၁၀တန်းထိ ရည်းစားမထားခဲ့ တဲ့ အေးသောင်း

Movie Stars - Celebrity มิ.ย. 09, 2560 view 2,205

အနုပညာ သက်တန်း နှစ် ၂၀ လောက်ရှိနေပြီ ဖြစ်တဲ့ မမအေးသောင်း ဆိုရင် သူမရဲ့ မဟာဆန်တဲ့ ပုံလေးတွေကြောင့် အမျိုးသားတွေ ပါးစပ်ဖျားက မချတဲ့ သူတစ်ယောက်ဖြစ်ပါတယ် ။ အနုပညာ သက်တမ်း နှစ် ၂၀ လောက်မှာ အေးသောင်းကို မြန်မာဆန်ဆန် ဆံပင်ရှည်လေးတွေ နဲ့ ပဲ အမြဲတွေ့ခဲ့ရပါတယ် ။

ဆံပင်ရှည် ထားရတာ အရမ်းနှစ်သက်တယ် မြတ်နိုးပြီး အမြဲထိန်းသိမ်းနေဖြစ်တယ် လို့ လဲ ပြောထားပါတယ် ။ ငယ်ငယ်တည်းက ဆံပင်အရှည်အနက်ထားရတာကို ကြိုက်တယ် ၁၀ တန်းမအောင်မချင်း ရည်းစားမထားရဘူး ရည်းစားထားရင် ကတုံးတုံး ပစ်မယ်ပြောထားတော့ ဆံပင် ဖြတ်ရမှာ စိုးလို့ရည်းစားလုံးဝ မထားခဲ့ဘူး ။

ဆံပင်အရှည်ကို ထားလို့ရသရွေ့ထားနေမှာပါ ။ ဆံပင်တွေတအားကျွတ်လာမှ ညှပ်လိုက်တာမျိုးတွေရှိတာပါ ။ ဆံပင်ကောင်းအောင် ပြန်လုပ်ပြီး အရှည်ပဲ ပြန်ထားသွားမှာပါ လို့ ပြောသွားခဲ့ပါတယ် ။ 

Credit:popular journal



Follow us on