ပထမတန်းသင်ရိုးသစ်ပြောင်းလဲမှုအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကျောင်းသား၊ကျောင်းသူတွေကိုသင်ကြားဖို့အတွက် သင်ထောက်ကူပစ္စည်းတွေလိုအပ်မှုရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၇-၂၀၁၈ပညာသင်နှစ်အတွက် ပညာရေးအဆင့်မြင့်တင်မှုအဖြစ် ပထမတန်း သင်ရိုးသစ်ပြောင်းလဲမှုကို အခြေခံပညာကျောင်းတွေမှာ စတင်သင်ကြားနေပြီဖြစ်ပြီး ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွေမှာလည်း ပထမတန်းသင်ရိုးသစ်ကို စတင်သင်ကြားနေပြီဖြစ်ပါတယ်။လက်ရှိမှာတော့ သင်ရိုးသစ်ပြောင်းလဲမှုအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ သင်ကြားရေးအတွက် ဖတ်စာအုပ်တွေအပြင် သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ပညာရေးအဆင့်မြှင့်တင်မှုအဖြစ် ပြောင်းလဲလိုက်တဲ့ ပထမတန်းသင်ရိုးသစ်မှာ ဘာသာရပ်ဆယ်ဘာသာရှိပြီး သင်ထောက်ကူပစ္စည်းတွေလိုအပ်နေတဲ့အတွက် ပညာရေးမှူးရုးံကို အကူအညီတောင်းခံထားတယ်လို့သိရပါတယ်။လက်ရှိမှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ် နေတဲ့အတွက် သင်ကြားရေးပိုင်းမှာအခက်အခဲတွေရှိနေတယ်လို့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှ ဆရာမတစ်ဦးကအခုလိုပြောပါတယ်။ လက်ရှိမှာတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ သင်ကြားရေးအတွက် သင်ထောက်ကူပိုင်းအနေနဲ့ကျောင်းသားကျောင်းသူဦးရေရဲ့ထက်ဝက်ခန့်သာရရှိသေးပြီး ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ဖတ်စာအုပ်တွေကို ဝေမျှကြည့်ရှုနေရတယ်လို့သိရပါတယ်။
ပထမတန်း သင်ရိုးသစ်ပြောင်းလဲမှုအတွက် ကျောင်းသားမိဘတွေအနေနဲ့လည်း ဆရာ၊ဆရာမတွေနဲ့ပူးပေါင်းပြီး ပါဝင်ကူညီပေးနေတယ်လို့သိရပါတယ်။ ပညာရေးအဆင့်မြှင့်တင်မှုအဖြစ် ပြောင်းလဲလိုက်တဲ့ ပထမတန်းသင်ရိုးသစ်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊သိပ်္ပွံ၊ ဘ၀တွက်တာ၊ဂီတ၊လူမူ၊ပန်းချီ၊ကာယ၊စာရိတ္တစတဲ့ ဘာသာရပ် တွေပါဝင်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ အခြေခံ ပညာကျောင်းတွေရဲ့သင်ရိုးညွန်းတန်းတွေအတိုင်း ကျောင်းသားကျောင်းသူတွေကို သင်ကြား ပေးနေတာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေနဲ့အခုပညာသင်နှစ်မှာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေကို ထောက်ပံ့ပေးမှုအနေနဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် ဖတ်စာအုပ်၊ဗလာ စာအုပ်နဲ့ ကျောင်းဝတ်စုံတွေကို ထောက်ပံ့ပေးနေတယ်လို့သိရပါတယ်။