1. Home
  2. Special or Others

တရုပ်တွင် အမျိုးသမီးများ နို့ညှစ်ရောင်းတဲ့ အွန်လိုင်းဈေးကွက် ကျယ်ပြန့်လာ

Special or Others มิ.ย. 10, 2560 view 1,487
တရုပ်နိုင်ငံတွင် နို့ထွက်ကောင်းသော မိခင်များက သူတို့၏ မိခင်နို့ရည်များကို ပါကင်ထုတ်ပိုးကာ အွန်လိုင်းတွင် တင်ရောင်းလာကြပြီး ဝယ်လိုအား များပြားလျှက်ရှိသည်။
 
သန့်ရှင်းလတ်ဆတ်သော လူနို့ရည် ၂၅၀ မီလီ အထုတ်တစ်ထုတ်လျှင် ၁၅၀ ယွမ် (ကျပ် ၃ သောင်းနီးပါး) ပေါက်ဈေးရှိပြီး အွန်လိုင်းပေါ်တွင် တရားမဝင် ရောင်းချလျှက်ရှိသည်။
Chengdu မြို့မှ Li Xixi ဆိုသည့် အမျိုးသမီးတစ်ဦးက သူမ၏ နှစ်လသားအရွယ်ကလေး သောက်သုံးနိုင်သော နို့ရည်ပမာဏထက် နို့ပိုလျှံထွက်နေသဖြင့် နို့တိုက်ပြီးသည့်အခါတိုင်း ၂၅၀ မီလီ အိတ်ကလေးများနှင့် နေ့စဉ်စုဆောင်းထားရသည်။
 
 
“တစ်ရက် တစ်ရက် ယွမ် ၂၀၀ ၊ ၃၀၀ လောက် ဝင်ငွေက ပြဿနာမရှိလောက်ဘူးထင်ပါတယ်” ဟု West China City Daily သတင်းဌါနကို သူမက ပြောကြားခဲ့ပြီး သူတို့တွေဟာ နို့ရည်ထွက်တဲ့ကာလ ၆ လ လောက်အတွင်းမှာ ဘာမှပြဿနာမတက်ပဲ ယွမ်ငွေ သောင်းနဲ့ချီပြီး ဝင်ငွေရနေကြတယ်လို့ အဆိုပါ သတင်းဌါနက ဆိုပါတယ်။
 
ကလေးမွေးဖွားနှုန်း မြင့်မားလာတာနဲ့အတူ မိခင်နို့ရည် ရောင်းချတဲ့ဈေးကွက်က ကြီးမာလာပါတယ်၊ ယခုလို ဝယ်လိုအားများလာရတဲ့ အကြောင်းရင်းအချက်တစ်ချက်ကလည်း နို့မှုန့်တွေအပေါ်မှာ ယုံကြည်မှုနည်းလာတာလည်း ပါပါတယ်။ ၂၀၀၈ ခုနှစ်က နို့မှုန့်က ဒုက္ခပေးခဲ့တဲ့အတွင် ကလေးငယ် ၃ သိန်းကျော် နေထိုင်မကောင်းဖြစ်ခဲ့ဖူးတဲ့အတွက် ခုချိန်ထိ နို့မှုန့်တွေကို အပြည့်အဝ မယုံကြည်သေးတာဖြစ်ပါတယ်။
 
၂၀၁၃ ခုနှစ်မှာတော့ တရုပ်နိုင်ငံရဲ့ ပထမဆုံး မိခင်နို့ရည်ဘဏ်ကို Guangzhou မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
 


Follow us on