1. Home
  2. Special or Others

ကမ္ဘာ့ကိုယ်လုံးတီးများနေ့ကို မြန်မာနိုင်ငံမှ အမျိုးသားတစ်ဦးကြိုဆို

Special or Others มิ.ย. 12, 2560 view 1,804
၂၀၀၄ ခုနှစ်တွင် ဂျာမဏီနိုင်ငံမှ စတင်ကာ ကမ္ဘာတစ်ဝှမ်း ဆင်နွှဲခဲ့ကြသည့် World Naked Bike Ride Day (ကမ္ဘာ့ကိုယ်လုံးတီးများ စက်ဘီးစီးနေ့) ကို ကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံမှ အမျိုးသားတစ်ဦး ကိုယ်လုံးတီးချွတ်ကာ ဆိုင်ကယ်စီး၍ ကြိုဆိုခဲ့သည်။
 
 
ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ် အချိန်က နေပြည်တော် - သာဝတ္ထိမြို့ရှောင်လမ်းပေါ်တွင် အမည်မသိအမျိုးသားတစ်ဦး အဝတ်မပါ ကိုယ်တုံးလုံးဖြင့် ဆိုင်ကယ်မောင်နှင်နေကြောင်း သိရှိရပြီး မြို့ခံများက အဘယ်ကြောင့် ကိုယ်လုံးတီး ဖြစ်နေရသည်ကို ပဟေဋိဖြစ်နေခဲ့ကြသည်။
 
အလားတူစွာပင် ဇွန်လ ၁၀ ရက်နေ့က ကမ္ဘာ့ကိုယ်လုံးတီးများ စက်ဘီးစီးနေ့ ကို ကြိုဆိုသောအားဖြင့် အင်္ဂလန်နိုင်ငံမှ ကိုယ်လုံးတီးအဖွဲ့ဝင်များက စက်ဘီးကိုယ်စီစီးနင်းကာ မန်ချက်စတာမြို့အနှံ့ထွက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
 
 
ကမ္ဘာ့ကိုယ်လုံးတီးများ စက်ဘီးစီးနေ့ကို (၁၁)ကြိမ်မြောက်အဖြစ် ကမ္ဘာအနှံ့ မြို့ကြီးပေါင်း (၇၀)တွင် ကျင်းပခဲ့ပြီး အဝတ်အစား စံသတ်မှတ်ချက်အဖြစ် “ဖော်နိုင်သလောက်ဖော်၊ ဖော်ရဲသလောက်ဖော်”ဟု ဖော်ပြထားခဲ့သည်။
 
 
 
 
 
 
 
ထို့ကြောင့် မြန်မာနိုင်ငံ နေပြည်တော်မှ ကိုယ်လုံးတီးဖြင့် ဆိုင်ကယ်မောင်းနှင်ခဲ့သူ အမျိုးသားသည် ကမ္ဘာ့ကိုယ်လုံးတီးများ စက်ဘီးစီးနေ့ကို ကြိုဆိုခဲ့ခြင်းဖြစ်နိုင်သည်ဟု ထင်မြင်ယူဆမိပါသည်။ မိတ်ဆွေတို့ရော သူဘာကြောင့် ကိုယ်လုံးတီးနဲ့ ဆိုင်ကယ်စီးထွက်လာတယ်လို့ ထင်မြင်မိပါသလဲ…?
 
 
 


Follow us on