1. Home
  2. Myanmar News

အဆိုတော် Y ZET တေးစီးရီးမိတ်ဆက်ပွဲပြုလုပ်နေစဉ် လူငယ်ချင်း ခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံး

Myanmar News มิ.ย. 12, 2560 view 1,557

မန္တလေးမြို့ မင်္ဂလာမန္တလေးပရိုမိုရှင်းဧရိယာမှာ (၁၀.၆.၂၀၁၇ )ည ၈ နာရီခန့်က တေးစီးရီး မိတ်ဆက်ပွဲ တစ်ခုပြုလုပ်နေစဉ် လူငယ်ချင်း ခိုက် ရန်ဖြစ်ပွားရာမှ သေဆုံးမှုဖြစ်စဉ် တစ်ခုဖြစ်ပွား ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ပရိုမိုးရှင်းဧရိယာအတွင်း အဆိုတော် Y ZET တေးစီးရီးမိတ်ဆက်ပွဲပြုလုပ်နေစဉ် ငြိမ်းချမ်း ညီညီလင်း မောင် နေမင်းနိုင် ဇေသူရိန်တို့ ၄ ဦးဟာ တေးစီးရီးမိတ်ဆက်ဖျော်ဖြေပွဲမှာ ကြည့်ရှုကခုန်နေစဉ် ညီညီလင်းမောင်က ၄င်းတို့အနီးကခုန်နေတဲ့ အမည်မသိ လူအုပ်စုထဲမှတစ်ဦး အား တံတောင်နဲ့တိုက်မိရာ အဆိုပါ အမည်မသိလူအုပ်စုက ၄င်းတို့အား ၀ိုင်းတိုက်ခိုက်ခဲ့တာ က စခဲ့တာဖြစ်တယ်လို့ နယ်မြေခံသတင်းတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။

နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုကနေစခဲ့တဲ့ ဒီဖြစ်စဉ်မှာ ညီညီလင်းမောင်တို့ ၄ ဦးထွက်ပြေးခဲ့ ကြရပြီး Block 2 နဲ့ Block 3 ကြား ခေတ္တရပ်နားစကားပြောဆိုနေစဉ် တစ်ဖက်အဖွဲ့ရောက်ရှိလာပြီး ဆက်လက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ သံတုတ်နဲ့အရိုက်ခံရပြီး ညီညီလင်းမောင် လဲကျသွားကြောင်း၊ လဲကျသွားတဲ့ညီညီလင်းမောင်ကို သံ တုတ်တွေနဲ့ ဆက်လက်ရိုက်နှက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတာဝန်ရှိတွေရောက်ရှိလာပြီး သံတုတ်နဲ့ဝိုင်းရိုက်သူတွေကို ဖမ်းဆီးခဲ့ကြောင်း၊ ညီညီလင်း မောင် အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ဆေးကုသမှုပေးခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့ ကြောင်း နယ်မြေခံရဲစခန်းတာဝန်ရှိသူဆီကသိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းက သံတုတ် တွေနဲ့ ၀ိုင်းရိုက်ခဲ့တဲ့ အောင်ကိုကို၊ ၂၀ နှစ်၊ (ဘ) ဦးနေလင်းစိုး၊ မှတ်ပုံတင် ရှိမမှတ်မိ၊ ဗမာ/ဗုဒ္ဓ ၊ကျောက်သွေးလုပ်၊ ၈၈ × ၈၉ကြား၊၃၁×၃၂ကြား၊ပေါက်ပေါက်တန်းရပ်ကွက်၊ ချမ်းအေးသာစံ မြို့နယ်၊ နိုင်ဝင်းထွန်း၊ ၁၇ နှစ်၊ (ဘ) ဦးအောင်ကျော်စိုး၊ မှတ်ပုံတင်ရှိ မမှတ်မိ၊ ဗမာ ကရင် /ဗုဒ္ဓ၊ကျောက်လုပ်၊ ၈၇လမ်း၊ ၃၀ × ၃၁ကြား၊ ပြည်ကျော်ဈေးရှေ့၊ ချမ်းအေးသာစံမြို့နယ်၊ ဇေယျာထွန်း၊ ၁၉နှစ် (ဘ ) ဦးသိန်းမင်းစိုး၊ မှတ်ပုံတင်ရှိ မမှတ်မိ၊ ဗမာ/ဗုဒ္ဓ ၊ ကျဘမ်း၊ကဉ္စနမဟီရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ လင်းထက်ရှိန်၊ ၁၈ နှစ် (ဘ) ဦးဇော်ထူး၊ မှတ်ပုံတင်ရှိ မမှတ်မိ ၊ ဗမာ/ ဗုဒ္ဓ ၊ကျောက်သွေးလုပ်၊ အကွက် ၂၅၅၊ ပေါက်ပေါက်တန်း၊ ပျော်/ရှေ့ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ် တို့အား (ပ)၃၀၈/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၁၁၄ နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။

Source : MI Media



Follow us on