1. Home
  2. Movie Stars - Celebrity

ယုန်လေးကားတွေက တစ်ခါလာလည်း ခုတ်မယ် ထစ်မယ် စကားကိုဖြေရှင်းလိုက်ပြီ

Movie Stars - Celebrity มิ.ย. 12, 2560 view 1,822

တစ်ချို့လူတွေကို အကြံပေးချင်တာပါ .
အကောင်းမြင် အပြုသဘောဝေဖန်တဲ့ ပရိတ်သတ်ကိုမဆိုလိုပါ။
ကျွန်တော် ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲစရောက်လာပါတယ်။
Action ကားတွပဲများပါတယ်။ ဒီမျက်ခွက်နဲ့လည်း နုနုရွရွ အပြင်မှာလည်းမလုပ်ဘူး ရုပ်ရှင်ထဲမှာလည်းမလုပ်ဘူး။
Rapper တွေနဲ့ ( *ကိုယ်သမိုင်းကိုယ်ရေးကြသူများ* )
တကယ် Fighter အစစ်တွေနဲ့မှ ပိုခမ်းနားမယ်ထင်လို့
Scorpion Gang နဲ့ ( *နောက်ဆုံးမဟုတ်သော* )
ပြိုင်ကား Crazy လူငယ်များနဲ့( *စနစ်တကျဆိုးသွမ်းကျသူများ* )
တကယ် Gangster အစစ်တွေရဲ့ ဘဝတွေကိုခွင့်တောင်းပြီး
( *Original Gangster* ) ကျွန်တော်ဇာတ်လမ်းတွေရေးပြီး ဖန်းတီးခဲ့ပါတယ်။

ဒီလိုကားတွေကြီးပဲရိုက်လို့ ယုန်လေးကားတွေက တစ်ခါလာလည်း ခုတ်မယ် ထစ်မယ်
လူငယ်တွေ အတုယူမှားမယ်ဆိုတဲ့ စကားကိုတော့လက်မခံပါဘူး။
ဥပမာ Fast&Frious ကိုကြည့်ပြီး ပြိုင်ကားတွေအသေမောင်း ကားတွေ ပစ္စည်းတွေလျောက်ခိုး လူတွေလိုက်သတ် ဒါတွေကို Entertainment လိုပဲမြင်ပြီးကြည့်ကျတာမှတ်လား။
ကျွန်တော်တို့ မြန်မာတွေက အဘက်ဘက်ကနိမ့်ကျနေတာပါ။ နိမ့်ကျနေတဲ့လူအချင်း လမ်းသစ်ဖောက်တာဗျာ။ ပြီးတော့အပြစ်ပြောဆိုနေတဲ့ မကောင်းပြောမဲ့ ခင်များရော ပြည့်စုံပြီလား ။ ခင်များလည်းရုန်းနေရတာပါ။ မြန်မာကားတွေ စောက်သုံးကိုမကျဘူး နိုင်ငံခြားသားကပြောမယ်။ ဘယ်သူကခံချင်မှာလဲ နိုင်ငံခြားမှာနေတဲ့ မြန်မာတွေခေါင်းတောင်ထောင်ရဲမှာ မဟုတ်ဘူး။ ဘောလုံး ကန်တိုင်းရုံးမှာပါ ဘယ်သူ့ကရူံးချင်မှာလဲ။
တကယ်ကြိုးစားပြီး တကယ်လုပ်နေတဲ့ လူတွေအတွက်တော့ အချင်းချင်းဖေးကူရမှာပေါ့ဗျာ။ကျွန်တော် တစ်ယောက်ထဲကိုဆိုလိုတာမဟုတ်ဘူး။
ကြိုးစားပြီး ရုန်ူးနေတဲ့ ဘယ်သူမဆိုကိုပါ။
အခုလို ကြိုးစားရုန်းနေရတဲ့ အချိန်မှာ
လူကြည့်တော့ Ph bill တောင်ဝင်ဆဲဖို့နက်မမှန်ဘူး ဒါပေမဲ့ သူများStatus တိုင်းကိုဝင်ဆဲ ဘာလာလာအပြစ်ပြော စောက်ဆရာကြီးလုပ်မယ် ဆိုတာကအရင်။ အဲ့ဒီလူတွေကိုတော့မပျောက်ခိုင်းပါဘူး။ စိတ်ဓာတ်လေးတွေပြင်ဆင်ပြီး ဘယ်သူ အကျိုးမှမရှိတဲ့အလုပ်တွေ မလုပ်ပဲ.
ကိုယ်အတွက် အများအတွက် နိုင်ငံအတွက် အကျိုးဖြစ်စေမဲ့ ဦးနောက်များပိုင်ဆိုင်နိုင်ပါစေ . .
အခုရုံတင်တော့မယ့် ORIGINAL GANGSTER 2 ကိုလည်း သေချာမလုပ်ထားဘူး ဈေးချုပ်ကားတစ်ကားလိုရိုက်ထားခဲ့ရင် ကြေညာကြည့်ပြီးရုံထဲရောက်လာတယ်။ကြေညာကအခန်းတွေပဲကောင်းပြီ ကျန်တဲ့အခန်းတွေအဖြစ်ရိုက်ပြီး ရေခုပ်ဂျင်းထည့်တဲ့ ကားမျိုးဖြစ်ခဲ့ရင် လွတ်လပ်စွာဆဲဆိုနိုင်ပါသည်။
အားလုံး Peace . . . . .

 

Source: ယုန်လေးဖေ့စ်ဘွတ်



Follow us on